အဆိုတော် သားစိုး သားဖြစ်သူကို ဘယ်လိုပြုစု ပျိုးထောင်သလဲ

0
259

‘ရောသမမွှေ’ဆိုတာနဲ့ ပရိသတ် တွေရဲ့ မျက်စိထဲမှာ ဘယ်သူ့ကို ပြေး မြင်မိမလဲ။ ‘Theory’အဖွဲ့ရဲ့ သီချင်း တွေနဲ့ အောင်မြင်ခဲ့ပြီးနောက်မှာ ‘ရောသမမွှေ’ Remix သီချင်းတွေနဲ့ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေး မှုကို ရရှိခဲ့ပြန်တဲ့ အဆိုတော်။ သူ ကတော့ သားစိုးပါ။ အဆိုတော် သားစိုးက လက်ရှိမှာ အနုပညာ အလုပ်တွေလုပ်ကိုင်ရင်း တစ်ဖက်မှာ လည်း စီးပွားရေးလုပ်ငန်းအနေနဲ့ ပိုး ထည်လုပ်ငန်းအပြင် ‘ရောသမနှပ်’ လက်ဖက်လုပ်ငန်းကိုလည်း လုပ်ကိုင် နေသူပါ။ မိသားစုဘဝ မှာဆိုရင် လည်း ပျော်ရွှင်စရာ အိမ်ထောင် တစ်ခုကို ထူထောင်ထားပြီး ချစ်စရာ သားလေးတစ်ယောက်ကို ပိုင်ဆိုင် ထားပါတယ်။ ဖခင်တစ်ယောက် အနေနဲ့ သားဖြစ်သူကို ဘယ်လိုပြုစု ပျိုးထောင်လဲဆိုတဲ့အကြောင်း သား စိုးကို မေးကြည့်တော့ –

“သားလေးကိုတော့ အစ်ကိုတို့ ထွေထွေထူးထူး သင်ပေးတာတွေ လည်း မရှိပါဘူး။ လွတ်လွတ်လပ် လပ်ပဲထားပါတယ်။ ကျောင်းတက် တာနဲ့ပတ်သက်ပြီးလည်း ဖိအား မပေးဘူး။ စာကျက်တာနဲ့ပတ်သက် ပြီးလည်း ဖိအားမပေးဘူး။ သူ့ကို ဆရာဝန်ကြီးဖြစ်ရမယ်၊ စစ်ဗိုလ်ကြီး ဖြစ်ရမယ်လို့လည်း မပြောဖူးဘူး။ ဒါမျိုးတွေကတော့ ကိုယ်တိုင်လည်း မလုပ်ချင်တဲ့ကိစ္စပါ။ အဲဒါကြောင့် သူ့ကိုလည်း သူကြိုက်တာ သူလုပ်ဆို ပြီး လွတ်လပ်ခွင့် ပေးထားပါတယ်။ အစ်ကို အောင်မြင်လာတယ်၊ ကိုယ် ဖန်တီးချင်တာ ဖန်တီးတယ်ဆိုတာ ကလည်း အိမ်က လွတ်လပ်ခွင့်ပေးလို့ ပါ။ အဖေနဲ့အမေကလည်း အစ်ကို့ကို ဘာမှမပြောဘူး။ မင်း ကောင်းတာ လုပ်ရင် ကောင်းစားမယ် ကြိုးစားပါ အဲဒါပဲ ပြောတယ်။ သားလေးကို လည်း ဒီလိုမျိုးပဲ ဆက်ပြီး ပျိုးထောင် သွားမှာပါ” လို့ သူက ပြောပါတယ်။

သားစိုးကို င်္Facebook မှာ Like and Share လုပ်တာမျိုး သိပ် မတွေ့ရဘူး။ ဒီအကြောင်းနဲ့ ပတ် သက်ပြီးလည်း သူ့ရဲ့Facebook အသုံးပြုပုံကို သားစိုးက အခုလို ပြောပါတယ်။

“Facebook ကို သတင်း အတွက်နဲ့ Video Clip တွေ ကြည့်ဖို့ လောက်ပဲ အသုံးပြုဖြစ်ပါတယ်။ Like and Share တွေ သိပ်မလုပ် ဖြစ်ဘူး။ အဲဒါကြောင့်လည်း အစ်ကို ကFacebook က ပရိသတ်ကြားမှာ မရှိပါဘူး။Facebook နဲ့ပတ်သက် ပြီး လူငယ်တွေကို အစ်ကို ပြောချင် တာကတော့ သုံးတတ်ရင် ဆေးပါ၊ မသုံးတတ်ရင် ဘေးဖြစ်ပါလိမ့်မယ်။Facebook ပေါ်မှာ လူငယ်တွေကို ဖြားယောင်း ပြီးတော့ လူကုန်ကူးခံ ရလောက်တဲ့အထိ ပြဿနာတက်နိုင် မယ့်အပြင် ကိုယ်မသိဘဲနဲ့ ပြုလုပ် လိုက်တှဲ့Share တစ်ချက်ကြောင့် တရားစွဲဆိုခံရပြီး ထောင်ကျတဲ့အထိ လည်း ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့်Facebook စပြီး အသုံးပြုတဲ့ ကလေး တွေအနေနဲ့သတိ ထားပြီးတော့ အသုံးပြုစေချင်ပါတယ်” လို့ သားစိုး က ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here