ထိုင်းမင်းသမီးကို ဖက်ဖို့ အားနာနေခဲ့တယ်ဆိုတဲ့အကယ်ဒမီ ဗေလုဝ

0
421

အကယ်ဒမီ ဗေလုဝကတော့ လက်ရှိရုံတင်ပြသတော့မှာဖြစ် တဲ့”နာနာဘာဝချစ်သူ” ရုပ်ရှင်ဇာတ်ကားဟာ မြန်မာရုပ်ရှင်ချစ် ပရိသတ်တွေ ကြိုက်နှစ်သက်မယ့် ဇာတ်ကားတစ်ကားဖြစ်လာမှာ ဖြစ်တယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။ အဲဒီဇာတ်ကားမှာ အကယ်ဒမီ ဗေလုဝဟာ အဓိကသရုပ်ဆောင်တစ်ဦးအဖြစ် ပါဝင် ခဲ့ပြီး ထိုင်းမင်းသမီး ပတ်ချာရာတူသောင်နဲ့ အတူတွဲဖက် သရုပ် ဆောင်ခဲ့တာဖြစ်ပါတယ်။ ဇာတ်အိမ်က သာမန်မြန်မာရုပ်ရှင် ဇာတ်ကားတွေထက် တင်ပြမှုပုံစံကတော့ ဆန်းနေခဲ့ပါတယ်။

“ဇာတ်ကားက ထူးခြားတယ်။ ရသပေါင်းစုံ ပါဝင်တယ်။ဘာပဲပြောပြော ပရိသတ်တွေ ကြိုက်နှစ်သက်လောက်မယ်လို့ ထင်ပါတယ်။ ကျွန်တော်က ခေါင်းဆောင်မင်းသားရယ်လို့ သဘောမထားဘူးဗျ။ ဇာတကောင်တစ်ခုကို ဦးဆောင်ခွင့်ရတယ် လို့ပဲခံယူတယ်။ ကျွန်တော် အခုလို ဦးဆောင်ဇာတ်ကောင်အနေ နဲ့ ရိုက်ကူးခွင့်ရခဲ့တာ ဇာတ်ကား ၇ ကားလောက်တော့ ရှိပြီပေါ့” လို့ အကယ်ဒမီ ဗေလုဝက ပြောပြပါတယ်။

အခုဇာတ်ကား”နာနာဘာဝချစ်သူ” ရုပ်ရှင်ကတော့ ပိုပြီး တော့ ထူးဆန်းစေခဲ့တာက ထိုင်းမင်းသမီးနဲ့ တွဲဖက်ရိုက်ကူးခဲ့ လို့ဖြစ်ပါတယ်။ သူတို့နှစ်ဦးအကြားမှာ ဇာတ်ကားရိုက်ကူးခဲ့စဉ်က အမှတ်တရတွေများစွာရှိခဲ့တယ်လို့ အကယ်ဒမီဗေလုဝကတော့ ဝန်ခံပါတယ်။”ရိုက်ကွင်းပေါ်မှာတုန်းက ကျွန်တော်က ဖက်ဖို့ အားနာနေတာဗျ(ရယ်လျက်)။ အမှန်အတိုင်းပြောရင် မဖက်ရဲ ဘူးပေါ့ဗျာ။ ဖက်တော့လည်း ညှာညှာတာတာလေး သွားလုပ် သေးတယ်။ အဲဒါနဲ့ ဒါရိုက်တာက ဖက်ပါဗျာ ဖက်ပါဆိုတာနဲ့ ကျွန်တော်လည်း ဖက်ရတော့တာ ပေါ့။ သူကလည်း အပြန်အလှန် နားလည်မှုရှိခဲ့တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ ဘာပဲပြောပြော တအားပျော် စရာကောင်းတယ်။ အမှတ်တရတွေ တအားများခဲ့တဲ့ ဇာတ်ကားဖြစ် တယ်” လို့ အကယ်ဒမီ ဗေလုဝက ပြောပြပေး ခဲ့ပါတယ်။ နောက်ထပ်တစ်ခု အကယ်ဒမီ ဗေလုဝ မှတ်ချက်ဆိုခဲ့တာက ပရိသတ်အကြိုက် တွေ့စေမယ့် အပြင် အခုရုပ်ရှင်ဇာတ်ကားဟာ ထိုင်းနဲ့မြန်မာ ချစ်ကြည်ရေးဇာတ်ကားဆို ရင်လည်း မမှားနိုင်ပါဘူးလို့ ပြောခဲ့ပါတယ်။ အကယ်ဒမီ ဗေလုဝဟာ အခုလိုမျိုး အဓိကဇာတ် ဆောင်အဖြစ် ရိုက်ကူးခွင့်ရထားတဲ့ရုပ်ရှင်ဇာတ်ကား တွေ ထပ်ရှိနေသေးပြီး ရုံတင် ပြသဖို့တွေလည်း ရှိနေ ပါသေးတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here