တူမဖြစ်သူ ယွန်းဝတီလွင်မိုးရဲ့ သားလေးအကြောင်း ပြောပြတဲ့ဒါရိုက်တာ မောင်သီ

0
240

ဒါရိုက်တာမောင်သီက ညီဖြစ်သူ လွင်မိုးနဲ့အတူ ဇာတ်ကားတွေ ရိုက်ကူးခဲ့တာ ဇာတ်ကားပေါင်း ၂ဝဝ ကျော် ဝန်းကျင်ရှိခဲ့တယ်လို့ သိရပါတယ်။ အခုအချိန်မှာတော့ ညီဖြစ်သူနဲ့ မရိုက်ကူးဖြစ်တော့ဘဲ ဟာသစီးရီး တွဲတွေပဲ ရိုက်ကူးဖြစ်နေတာများပါတယ်။ စီးရီးတွဲတွေကို ကိုလွင်မိုးနဲ့ ရိုက်ကူးဖြစ်ဖို့ မရှိဘဲ ဒီလိုမရှိခြင်းကလည်း ညီဖြစ်သူရဲ့ အလုပ်မအားလပ်မှုတွေကြောင့်ပဲဖြစ်တယ်လို့ သိရပါတယ်။

“သူကလည်း အခုတော့ဇာတ်ကားတွေ ပြန်ရိုက်တယ်ပေါ့။ ပြန်ရိုက်တယ်ဆိုပေမယ့်လည်း သူ့စီးပွားရေးအလုပ်နဲ့သူအားတာမဟုတ်ဘူး။ မအားတဲ့ကြားကမှ ဝါသနာလေးရှိနေတဲ့အခါကျတော့ ရုပ်ရှင်တစ်ကားဆိုရင် ၁၅ ရက်၊ ရက် ၂ဝ လောက် ပေးလိုက်ရင် အဆင်ပြေတယ်လေ။ စီးရီးတွဲကျတော့ ၂ လခွဲ ၃ လ ၆ လ လောက် အချိန်ပေးရတာ။ အဲဒီတော့ ကိုယ်လည်း သူ့ကို စီးရီးရိုက်ကူးဖို့ ကိစ္စကို မစဖြစ်ဘူး”လို့ ညီဖြစ်သူနဲ့ မရိုက်ကူးဖြစ် ခြင်းကို ဒါရိုက်တာမောင်သီက ရှင်းပြပါတယ်။ တူမဖြစ်သူ ယွန်းဝတီလွင်မိုးက သား ယောက်ျားလေးမွေးဖွားပြီဖြစ် တာကြောင့် ဦးလေးဖြစ်သူ ဒါရိုက်တာမောင်သီလည်း ဝမ်းသာပျော်ရွှင်နေပါတယ်။

“ကိုယ့်ဘာသာကိုယ်နေရင် ကြီးမှန်းမသိဘူး။ ကိုယ့်အောက်က လူတွေကို ငုံ့ကြည့်လိုက်တော့မှ ကိုယ်အသက်ကြီးပြီဆိုတာ သိတာလေ။ ကိုယ့်အောက်က သားတွေသမီးတွေ တူတွေ တူမတွေ အခုမြေးဖြစ်လာပြီ။ အဘိုးဆိုတဲ့ Level က ဘားဆုံးဖို့ မီးနီပြလာပြီဗျ။ ကလေးက ကျန်းကျန်းမာမာချမ်းချမ်းသာသာပဲဆိုတော့ ဝမ်းသာရတာပေါ့။ သို့သော်လည်း ကိုယ်က မကြည့်ရဘူးလေ။ သူတို့က ဟိုမှာဆိုတော့လေ။ ဒီမှာဆိုရင်တော့ ဆေးရုံပြေးကြည့်ပြီး ဘယ်သူနဲ့တူလဲ ပေါ့။ ဒီမှာကတော့ သူတို့ပို့တဲ့ ဓာတ်ပုံလေးပဲကြည့်ရတယ်” လို့ တူမဖြစ်သူရဲ့သားဦးလေးအတွက် ဒါရိုက်တာ မောင်သီက ပီတိစကားဆိုပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here