ခဏခဏ အခွေထုတ်တဲ့အထဲမှာ မပါဘူးလို့ ဆိုတဲ့ ဖော်ကာ(Wanted)

0
321

“စိတ်နဲ့လူ”ဆိုတဲ့ တစ်ကိုယ်တော် စီးရီးခွေထွက်ပြီးWanted ရဲ့ စတုတÄမှတ်တိုင်စိုက်ထူလိုက်ပြီ။ အရင်တုန်းကWanted အဖွဲ့ရဲ့ မု(ဒ်)ကို ပြန်ရပါတယ်ဆိုတဲ့ ဖော်ကာက

“ကျွန်တော်က အစကတည်းက ခဏခဏ အခွေထုတ်မယ့်အထဲမှာ လည်း မပါဘူး။ ထုတ်လည်း မထုတ် နိုင်ပါဘူး။ ကိုယ်သေသေချာချာ နား ထောင်ပြီးတော့ မရိုးဘူးဆိုတော့မှ ထုတ်ချင်တယ်။ ခဏ ခဏ ကြီးက ကျွန်တော့်အတွက် အဆင်မပြေဘူး။ သီချင်းပုံစံအရလည်း ပါမှာပေါ့လေ။ ကြာတာတော့တော်တော်ကြာတယ်။ တကယ် ကျွန်တော့်ပုံစံအတိုင်း ဆိုရင် တော့ ၄နှစ် တစ်ခွေသွားခဲ့တာ။ အခု လေးခွေမြောက်ပေါ့နော်။ ဒီတစ် ခေါက်တော့ ၅နှစ် ကြာသွားတယ်” လို့ဆိုပါတယ်။

ဖော်ကာက သူ့ရဲ့ ပရိ သတ်တွေကို အမျိုးတွေလို့ သုံးနှုန်း လေ့ရှိပါတယ်။ သီချင်း ၁၁ပုဒ်ပါတဲ့ “စိတ်နဲ့လူ” တစ်ကိုယ်တော်တေးစီးရီး အတွက် တော်တော်ကြီး ကျေနပ်ပါ တယ်ဆိုတဲ့ ဖော်ကာက –

“Music ပုံစံမပြောင်းပါဘူး။ ဘယ်တော့မှလည်း မပြောင်းပါဘူး။ ဒီပုံစံပါပဲ။ ရော့ခ်ထဲက အသက်လေး နည်းနည်းရလာတော့ ခေတ်ကာလ အရ ပြောင်းလဲလာတာပဲရှိမှာပါ။ ဟိုလိုမျိုးကြီး ကျွန်တော်ထပြီးတော့ Rap ထဆိုတာမျိုးမရှိပါဘူး။ စာသား အကြောင်းအရာတော့ ပြောင်းလဲ သွားမယ် ထင်ပါတယ်။ ရှေ့စီးရီးခွေ မှာလို အချစ်သီချင်းနည်းသွားမယ်။ အခုက အချစ်သီချင်း ၃ပုဒ်လောက်ပဲ ပါတယ်။ ဒီအခွေကို ကျွန်တော်တော် တော်ကျေနပ်တယ်။ အားရပါးရကြီး ကိုကျေနပ်တာ။ ဘယ်လိုပြောရမှန်း တောင် မသိဘူး။ သီချင်းနားထောင် ကြည့်ရင် ကျွန်တော့်အမျိုးတွေ သိ မှာပါ” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here