ဖေ့စ်ဘွတ်ခ်စာမျက်နှာများမှ အကြောင်းအကျိုး အကောင်းအဆိုး စကားဝိုင်း ဆွေးနွေးပွဲ

0
204

ဖေ့စ်ဘွတ်ခ်စာမျက်နှာများမှ အကြောင်းအကျိုး အကောင်းအဆိုး စကားဝိုင်းဆွေးနွေးပွဲကို သြဂုတ်လ ၅ ရက်နေ့ နံနက် ၁ဝ နာရီက Orchid ဟိုတယ်မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ အဆိုပါစကားဝိုင်းတွင် ဥပဒေပညာရှင်များ၊ အိုင်တီပညာရှင် များ၊ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် ပညာရှင်များ၊ အသိပညာရှင်၊ အ တတ်ပညာရှင်များ၊ လူမှုအဖွဲ့အစည်း များမှ ပုဂ္ဂိုလ်များက ဖေ့စ်ဘွတ်ခ် အသုံးပြုခြင်း၏ အကြောင်းအကျိုး အကောင်းအဆိုးတို့ကို ပါဝင်ဆွေး နွေးပေးခဲ့ကြပါတယ်။

အဆိုပါပွဲနဲ့ပတ်သက်ပြီး ဆရာ မသန်းမြင့်အောင်က”ကျွန်မက ဖေ့စ်ဘွတ်ခ်ကို နှစ်သက်တယ်။ ကျွန်မ ကိုယ်တိုင်လည်း သုံးတယ်။ သာရေး၊ နာရေးသတင်းပေးတာတို့၊ လူတွေရဲ့ လောက၊ ဒေါသ၊ မောဟတို့ကို ဖေ့စ် ဘွတ်ခ်မှာ အကုန်တွေ့ရတယ်။ ဖေ့စ်ဘွတ်ခ်ဆိုတာ ကမ္ဘာ့ရဲ့မျက်နှာစာပဲ။ ဒီမြန်မာနိုင်ငံတင် မဟုတ်ဘူး။ ဒီလူ့အဖွဲ့အစည်းရဲ့ မျက်နှာစာကြီးဖြစ်တယ်။ တချို့ကျတော့လည်း လူတစ်ယောက်ကို ချောက်ချချင်တယ်။ မကောင်းကြံချင်လို့ သုံးကြတာရှိတယ်။ မကျေနပ်တဲ့ အကြောင်းအရာတွေ ရှိရင်လည်း Public မှာမတင်ဘဲနဲ့ Messenger မှာသွားပြော အဲဒီလိုမျိုး ကျွန်မက ဖြစ်စေချင်တယ်။ ဖေ့စ်ဘွတ်ခ်က အသုံးပြုတတ် အသုံးချတတ်ရင် အတော့်ကို သုံးလို့ကောင်းတဲ့ နည်းပညာတစ်ခုပါ။ မှန်မှန်ကန်ကန်အသုံးပြုတတ်၊ အသုံးချ တတ်စေချင်ပါတယ်”လို့လည်း ပြောပြပေးခဲ့ပါတယ်။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here