ပရိသတ်ချစ်အောင်နေဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်ဆိုတဲ့ ရဲမင်းပိုင်

0
354

အက်ရှင်မင်းသားရဲမင်းပိုင်ဟာ ပြည်ပကနေ မြန်မာနိုင်ငံကို ပြန် လည်ရောက်ရှိလာပြီးကတည်းက အက်ရှင်ဇာတ်ကားတွေကို ဆက်တိုက်ရိုက်ကူးဖြစ်ခဲ့ပါတယ်။ ရဲမင်းပိုင် ကိုယ်တိုင်ကတော့ အဲဒီ အက်ရှင်မင်း သား၊ ဖိုက်တင်မင်းသားဆိုပြီး ခေါ် ဝေါ်တာဟာ ခဏတာလို့ပဲမြင်တဲ့ အကြောင်း ပြောပြပေးပါတယ်။

”အစ်ကိုကတော့ ဖိုက်တင်မင်း သားဘဝဆိုတာကို ခဏတာလို့ပဲ မြင်တယ်။ ဘာလို့လဲဆိုရင် ဘယ်အ ရာကမှ မမြဲဘူးလေ။ ရေရှည်ဆိုတာ မျိုးကို အစ်ကိုမမြင်မိပါဘူး။ ဒီနေ့ အစ်ကိုဘာလုပ်လဲ။ မနက်ဖြန် ဘာ လုပ်မလဲဆိုတာနဲ့ပဲ အစ်ကိုသွားနေပါတယ်။ ဘာမှမမြဲဘူးလေ။ အဲဒီတော့ မမြဲတဲ့အပေါ်မူတည်ပြီး အစ်ကိုတို့ တွေဟာ လမ်းလျှောက်နေကြတာ ဖြစ်တဲ့အတွက် အစ်ကို့စိတ်ထဲမှာ ဘယ်အရာကိုမှ အစွဲအလမ်းလည်း မထားဘူး။ အောင်မြင်ခြင်း၊ ကျော်ကြားခြင်းဆိုတာကိုလည်း အစ်ကို မမက်မောဘူး။ ခေါင်းထဲလည်း သိပ် မထည့်ထားဘူး။ အစ်ကိုလုပ်နိုင် သလောက်နဲ့ပဲ ပရိသတ်ကို ဖျော်ဖြေပေးသွားမယ်”လို့ ရဲမင်းပိုင်က ပြောပြပေးပါတယ်။

လူ့ရဲ့စိတ်ဆိုတာ သံသရာလည်နေတဲ့ သဘောဖြစ်ပြီး အဲဒီစိတ်ပေါ်မှာ အခြေခံပြီးတော့ပဲ လူတွေဟာ ပြောင်းလဲလုပ်ဆောင်နေရတာမို့ ဖိုက်တင်ကားတွေ ကြည့်ချင်တဲ့ ပရိသတ်တွေ ရှိနေသလို မကြိုက်တဲ့သူ တွေလည်း ရှိနေတာပဲလို့ ဆိုပါတယ်။

”အခုနှစ်ထဲမှာ ဘယ်နှကားရိုက် ကူးဖြစ်မယ်ဆိုတာ တစ်သမတ်တည်း မရှိဘူး။ ကိုယ့်ကံနဲ့ပဲ သွားနေတာပေါ့။ အစ်ကို့မှာ တခြားလုပ်စရာ ကိစ္စလေးတွေလည်း ရှိသေးတယ်လေ။ အဓိကကတော့ အနုပညာအလုပ်ဆိုတာမျိုးက အစ်ကိုတို့တွေ တစ်နေ့တာ တာဝန်ကျေဖို့လိုတယ်။ ပရိသတ်အပေါ် မှာ စေတနာထားနိုင်ဖို့ လိုတယ်။ ပရိသတ်အပေါ် စေတနာထားမှ သူတို့ လက်ခုပ်လက်ဝါးတီးပြီး အားကျနှစ် သက်မှ ကိုယ်တွေက ရပ်တည်လို့ ရမှာလေ။ အဲဒီတော့ ပရိသတ်ချစ် အောင်နေဖို့ အရေးကြီးတယ်။ အဲဒါ ကြောင့် ဖြစ်နိုင်တယ်ဆိုရင် ပရိသတ်က ကောင်းသည်ပြောစေ၊ မကောင်း သည်ပြောစေ ကိုယ့်ဘက်က တစ်ခွန်းမှ ပြန်မပြောတာ အကောင်းဆုံးပါပဲ။ ပရိသတ်နဲ့ပတ်သက်လာရင် အစ်ကိုကတော့ ပရိသတ်ကျွေးတဲ့ ထမင်းကိုစားခဲ့တဲ့အတွက် အခုအချိန်အထိ အနုပညာအလုပ်တွေ ပြန်လုပ် ဆောင်ခွင့်ရတယ်။ အဲဒီတော့ ပရိ သတ်ကို တန်ဖိုးထားတယ်။ ပရိသတ်ချစ်အောင်နေဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ အဲဒါကြောင့် ဖိုက် တင်းတွေ ထိုးပြီဆိုရင်တောင် ကြမ်းကြမ်းတမ်းတမ်း ထိုးပြတယ်။ ဘယ်တော့မှ လျှော့မလုပ်ဘူး။ သူတို့အနေနဲ့ ရဲမင်းပိုင်ကို ကြည့်ရတာ တန်တယ်ဆိုရင် ကျွန်တော်ကျေနပ်ပြီ။ ကျန်တာတွေ ဘာမှမရှိဘူး။ ပရိသတ် အပေါ်မှာ အမြဲတမ်း တာဝန်ကျေအောင် ကြိုးစားနေမှာပါ။ အသက်ရှိ နေစဉ်အထိပေါ့။ အသက်က ဘယ် အချိန်သွားမလဲမသိနိုင်ဘူးလေ (ရယ်လျက်)” လို့ ရဲမင်းပိုင်က ပြောပြပေးခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here