သရုပ်ဆောင်စလုပ်လုပ်ချင်း အခက်အခဲတွေရှိခဲ့တဲ့ မေဘရဏီသော်

0
196

အလှမယ်တစ်ယောက်အနေနဲ့ ပရိသတ်ရင်ထဲရောက်အောင် သူ့ရဲ့ အနုပညာလေးတွေကို ချစ်ဖို့ကောင်းအောင် ပြသနေတာကတော့ မေဘရဏီ သော်ပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ မေဘရဏီသော်က ဃသာာနမခငေူ ဓာတ်ပုံလေးတွေရိုက်ကူးဖြစ်နေပြီး ဗီဒီယိုဇာတ်ကားတွေလည်း ပါဝင်ရိုက်ကူးဖြစ် နေတယ်လို့ ဆိုပါတယ်။ အလှမယ်အဖြစ်ကနေ သရုပ်ဆောင်ပိုင်းကို ကူး ပြောင်းတဲ့အချိန်မှာ အခက်အခဲတွေရှိလားလို့ မေးကြည့်တဲ့အခါမှာတော့ မေဘရဏီသော်က . . .

”မေသော်အရင်ကတော့ သရုပ်ဆောင် စစလုပ်တုန်းကတော့ အခက်အခဲတွေရှိခဲ့တယ်။ အခုနောက်ပိုင်း ဒီဇနီးချောများကွန်ယက် ဇာတ်လမ်းတွဲမှာတော့ ကိုယ့်အနေနဲ့ အတွေ့အကြုံလေးတွေရထားတယ်။ ပညာလေးတွေ ရထားတယ်ဆိုတော့ အဆင်ပြေသွားတယ်။ စစချင်း မေသော်ရိုက်ကူးတဲ့အချိန်မှာ ပန်းနှစ်ပွင့်စီးချင်း ဇာတ်ကား။ အဲဒီဇာတ်ကားမှာဆိုရင် မေသော့်အနေနဲ့ အခက်အခဲတွေလည်း တအားများခဲ့ တယ်။ ကိုယ့်ရှေ့က မြင်ဆရာတွေဆီကလည်း ပညာတွေ အများကြီးရတယ်။ ဒါရိုက်တာရဲ့ ညွှန်ကြားမှုတွေလည်းရတယ်။ မေသော်ဆိုရင် သရုပ်ဆောင်ရင် ခေါင်းကိုဘယ်လိုနေရမလဲ၊ ခေါင်းကြီးက တောင့်တောင့်ကြီးဖြစ်နေတာတို့၊ လက်ကို ဘယ်လိုထားရမလဲပေါ့နော်။ အဲဒီလိုမျိုးတွေ အခက်အခဲကြုံရတယ်။ ဒိုင်ယာလော့စ်ဆိုလည်း စကားပြောရ တာထက်ကို စာဖတ်သလိုမျိုး ဖြစ်နေတတ်တယ်။ အဲဒီလိုလေးတွေရှိခဲ့တော့ သရုပ်ဆောင် စတင်လုပ်ကိုင်တဲ့အချိန်က အခက်အခဲတွေ အများကြီးရှိခဲ့တယ်။ အခုဆိုရင်တော့ နည်းနည်းလေးတော့ အဆင်ပြေလာတယ်။ ကိုယ်က အနု ပညာလောကထဲဝင်ရောက်လာတဲ့အချိန်ကလည်း ဘယ်သူ့အကူ အညီမှမယူဘဲ တစ်ယောက်တည်းဝင်ခဲ့ရတဲ့အတွက် အခက်အခဲတွေတော့ အများကြီးရှိ တယ်။ ဒါပေမဲ့ အခက်အခဲတွေကိုလည်း မကြောက်ဘဲ အကောင်းဆုံးဖြတ်ကျော် လာတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်က အနုပညာကိုဝါသနာပါတဲ့အတွက် ဒီနေရာကို ရောက်အောင်သွားဖို့ဆိုရင် မေသော်ဘာပဲလုပ်ရလုပ်ရ လုပ်တယ်။ မေသော်က လုပ်ချင်တာကို ဖြစ်မြောက်အောင်လုပ်တဲ့ စိတ်ဓာတ်လေးရှိတယ်။ အဲဒါကြောင့် မေသော်ဒီနေရာထိ ကြံ့ကြံ့ခံပြီးရောက်ရှိလာတာပါ”လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here