အသက်အရွယ်အားဖြင့် လူလတ်ပိုင်းကို ရောက်လာပေမယ့်လည်း လှပနေဆဲ ချောစုခင်

0
324

မိန်းကလေးတွေအတွက် အလှတရားက သိပ်ကို အရေးကြီးပါတယ်။ လှပကြော့ရှင်းနေတာကတော့ သဘာဝတရား၊ ကံတရားကပေးတဲ့ လက် ဆောင်ပေါ့။ သို့သော် စိတ်ထားကောင်းမွန်ခြင်းက မိန်းကလေးတွေရဲ့ အလှ တရားအတွက် သိပ်အရေးကြီးတယ်လို့ ချောစုခင်က ပြောပါတယ်။ မီမီဝင်းဖေ ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက် မိတ်ဆက်တဲ့ စာနယ်ဇင်းအခမ်းအနားကို တက်ရောက်လာတဲ့ ချောစုခင်ရဲ့ ပုံရိပ်တွေက တည်တည်ငြိမ်ငြိမ်နဲ့ လှပလို့ နေပါတယ်။

”တစ်ခါတစ်ခါကျရင် မိန်းမတစ်ယောက်ကလေ၊ မွေးကတည်းက ရုပ်လှ တာထက် စိတ်ကလေးလှရင် ပိုပြီးတော့ကောင်းပါတယ်။ မျက်နှာမှာ ကြည်ပြီး ပေါ်တယ်။ အဲဒါ ပိုအရေးကြီးတယ်။ နောက်ပြီးတော့ သန့်ရှင်းသပ်ရပ်ခြင်းနဲ့ ကျန်းမာခြင်းပေါ့။ မိန်းမတစ်ယောက်က လှတာ၊ မလှတာထက် သူဟာ သန့်ရှင်းစွာနေတာက ပိုပြီးတော့ အဆင်ပြေစေတယ်။ နောက်တစ်ခုက ဘာလဲ ဆိုတော့ ပိန်တာကတော့ ရေရှည်ကျန်းမာရေးအတွက် ပိုကောင်းတယ်။ ချောစု တို့ဆိုလို့ရှိရင် ထိုင်တာများတဲ့အတွက် လေ့ကျင့်ခန်း သိပ်မလုပ်ဖြစ်ဘူး။ အမှန် တကယ်ကတော့ ကျန်းမာရေးအတွက် လမ်းလျှောက်တာတို့၊ အားကစားတစ်ခုခု လုပ်တာတို့ လုပ်သင့်တယ်။ ထိန်းနေတာကတော့ ကောင်းတာပေါ့။ ဒါပေမဲ့ တအားကြီး ကိုယ့်ကိုယ်ကိုယ် Pressure ဖြစ်စေမယ့်အရာတွေကိုတော့ ချောစု မလုပ်ဘူး။ အလွန်အကျွံကြီးကို ဆိုလိုတာပါ။ အကောင်းဆုံး၊ အသန့်ရှင်း ဆုံးဖြစ်အောင်နေတယ်။ စိတ်လှအောင်နေတယ်။ အမြဲတမ်းကောင်းတဲ့ဘက်က တွေးပြီးတော့ နေတယ်” လို့ ချောစုခင်က ပြောပါတယ်။ ဂီတနဲ့ ပတ်သက်ပြီး သူ့ရဲ့ သီချင်းအသစ်တွေ ထွက်လာဖို့ရှိတယ်ဆိုတာကိုလည်း ချောစုခင်က_

”အခုသီချင်းလေးတွေ တတ်နိုင်သမျှ ရှာပြီးတော့ ချောစုရင်ထဲ ထိမယ့် ဟာလေးတွေ၊ ပရိသတ်ရင်ထဲ ထိမယ့်သီချင်းလေးတွေ ကြိုးစားပြီး လုပ်နေပါ တယ်” လို့ ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ-မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here