ရုပ်ရှင်ရိုက်ကူးတော့မယ့် ထိပ်ထားသခင်

0
204

ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ချစ်စရာဟန်ပန်အမူအရာတွေ၊ ချစ်စဖွယ်စကားသံတွေနဲ့ ပရိသတ် တွေအချစ်ကို ရရှိထားတဲ့ ၄ နှစ်အ ရွယ် ထိပ်ထားသခင်က ငယ်ငယ် လေးကတည်းက စကားတွေ တအား တတ်သလို၊ လည်လည်း လည်တာ ကြောင့် လူချစ်လူခင်ပေါများသူလေး ပါ။ ပရိသတ်တွေ သတိပြုမိလာပြီး နောက်ပိုင်းမှာ အနုပညာရှင်တွေနဲ့ အတူ ကြော်ငြာတွေ ရိုက်ကူးလာရာ အောက်တိုဘာလထဲမှာလည်း ခသုံးလုံး ရုပ်ရှင်ထုတ်လုပ်ရေး က ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ကလေးပင်ပန်းမှာ စိုးတဲ့အတွက် ကြော်ငြာတွေ၊ ဇာတ်ကားရိုက်ကူးမှု တွေကို ကန့်သတ်ပြီး လက်ခံသွားမှာ ဖြစ်ကြောင်း မိခင်ဖြစ်သူ မမြသင်းကြူက …

“သူက သရုပ်ဆောင်တာတွေလည်း လုပ်နိုင်တယ်။ ကလေးဆို တော့ လည်း ငြီးငွေ့တာပေါ့။ ခဏခဏ ပြန်ရိုက်ရတာမျိုး သူမလုပ်ချင်ဘူး။ သူမလုပ် ချင်လည်း ရအောင် လုပ်ပေးတယ်။ အစ်မတို့ကတော့ သူလည်း မပင်ပန်းအောင် ခြားခြား ပြီးတော့ လက်ခံတယ်။ တချို့ ငြင်း သင့် တာလေးတွေလည်း ငြင်းရတာပေါ့။ သူပင်ပန်း မှာစိုးတော့ နေမကောင်းတဲ့အခါမျိုးကျရင် နားထားတာလည်းရှိတာပေါ့”လို့ ပြောပါ တယ်။ ထိပ်ထားသခင် Idol ဖြစ်တဲ့ သရုပ်ဆောင်ဖွေးဖွေးနဲ့အတူ ကြော် ငြာလည်း ရိုက်ကူးထားပါတယ်။ သူ ချစ်တဲ့အနုပညာရှင်နဲ့ အတူ ရိုက်ကူး ရတဲ့ အတွက်လည်း ပျော်ရွှင်လို့ နေပါတယ်။ မိခင်တစ်ယောက် အနေ နဲ့ သမီးအပေါ်ထား တဲ့ဆန္ဒနဲ့ ပတ် သက် ပြီး မမြသင်းကြူက…

” အစ်မတို့က ပညာတတ်ကြီးပဲ ဖြစ်စေချင်တာပေါ့။ သူကဒီလိုလေး အနု ပညာလည်း ဝါသနာပါတယ် ဆိုတော့ သူစိတ်အားထက်သန် တာ လေးကို ဖြစ်အောင်လမ်း ကြောင်း လေးကိုခွင့်ပြုပြီးတော့ ပညာတတ် အောင်လည်း လုပ် ပေးရမှာပေါ့”လို့ ဆိုပါတယ်။
အဆိုတော်တွေထဲမှာ ဖြိုးပြည့်စုံ၊ နီနီခင်ဇော် သီ ချင်းတွေကို ကြိုက်နှစ် သက်ပြီး အသက်ကြီးလာရင် မင်းသမီးလုပ်မယ်လို့ ထိပ် ထားသခင်လေးက ချစ် စဖွယ် ဟန်ပန်လေးနဲ့ ပြောပြခဲ့ပါ တယ်။ သြဂုတ်လ ၂၉ ရက်နေ့က ထိပ်ထား ၄ နှစ်ပြည့် မွေးနေ့ပါ။ မွေးနေ့အလှူအဖြစ် ရန်ကင်းကလေး ဆေးရုံမှာ သွား ရောက်လှူဒါန်းမှာဖြစ် ပြီး ညပိုင်းမှာတော့ မွေးနေ့ပွဲ ပြုလုပ် သွားမှာ ဖြစ်ပါတယ်။

ခိုင်ဝေလွင်

၊ ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here