အွန်လိုင်းကနေလည်းဝယ်ယူနားဆင်နိုင်မယ့် အဆိုတော် ဖိုးပြည့် ရဲ့ ‘မင်းသားကြီး’

0
195

ဖိုးပြည့်ရဲ့ “မင်းသားကြီး” တစ်ကိုယ်တော်တေးစီးရီးကို သြဂုတ်လ ၁၉ ရက်နေ့မှာ စတင်ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ ဖိုးပြည့်ကတော့ Padamyar FM မှာ အစီအစဉ်တင် ဆက်သူအနေနဲ့ ၉ နှစ်တာလုပ်ဆောင်နေရင်း ဝါသနာပါတဲ့ ဂီတ အနုပညာအလုပ်ကို လုပ်ကိုင်ချင်တာကြောင့် အစီအစဉ်တင်ဆက်မှုကို ခေတ္တရပ်နားပြီး ဂီတလောကထဲကိုဝင် ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ သူဟာဂီတနဲ့ပတ်သက်လို့လည်း ငယ်စဉ်ကတည်းက ဝါသနာပါခဲ့ပြီး အစီအစဉ်တင်ဆက်သူအဖြစ် လုပ်ကိုင်ဖြစ်ကတည်းက စီးရီးခွေထုတ်ချင်လာတဲ့ စိတ်ကူးရှိခဲ့သူပါ။ သူကဒီအခွေကိုတော့ ၂ဝ၁၆ ခုနှစ်ကတည်းက ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီနှစ်နှစ်အတွင်းမှာတော့ သီချင်း တွေရွေးသလို သီချင်းတွေတီးတဲ့အပိုင်းတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

“အခွေကိုလုပ်နည်းလည်းသိတယ်။ လုပ်ဖို့လည်း အခွင့်အရေးရှိတဲ့အချိန်မှာ အခွေ ကိုလုပ်ဖြစ်သွားတာပါ။ Announcer ကနေ အဆိုတော်ကို လှမ်းရတာမှ မဟုတ်ပါဘူး။ ကျွန်တော်တို့ လုပ်ကိုင်နေရတဲ့ အလုပ်တွေအားလုံးမှာ အခက်အခဲဆိုတာရှိပါတယ်။ Announcer လုပ်တဲ့အခါမှာ ကျွန်တော်မိုက်တွေ ရက်ကောဒင်းအခန်းတွေနဲ့ ရင်းနှီးမှုရှိတယ်။ အဆိုတော်တွေနဲ့ ရင်းနှီးတာ လေးတွေရှိတယ်။ ဒါပေမဲ့ အဆိုတော်လုပ်ဖို့အတွက်ကိုတော့ အဆိုသင်တာတွေ သီချင်းလုပ်တာ တွေကအစ အသစ်တစ်ယောက်လိုစပြီးတော့လုပ်ခဲ့ရတာပါ။ အခက်အခဲပေါင်းများစွာကို ကျော်ဖြတ် ရပါတယ်။ ဒီအခွေလုပ်ဖို့အတွက်ကို စိတ်ဓာတ်လည်း ခဏခဏကျတယ်။ ငါ့ဘာသာ Announcer လုပ်ရင်ကောင်းသားပေါ့နော်။ အခွေလုပ်မိတယ်ဆိုတဲ့ အတွေးမျိုးဝင်လာတယ်။

ဒါပေမဲ့လည်း သီချင်းကို ချစ်တဲ့စိတ်ကိုယ်သီဆိုတဲ့ သီချင်းလေးတွေကိုပေးချင်တဲ့ အင်အားတွေနဲ့ ကျော်လွှားလိုက်တာပါ”လို့ စီးရီးခွေပြုလုပ်ဖြစ်ပုံနဲ့ အခက်အခဲတွေရှိခဲ့ ပုံကိုအဆိုတော်ဖိုးပြည့်က ပြောပါတယ်။

သီချင်း ၁၂ ပုဒ်ပါဝင်ပြီး ပေါ့ပ်ဂီတအမျိုးအစားများ ပါဝင်ပါတယ်။ တေးရေးသုခမိန်လှိုင်၊ ညီညီသွင်၊ စောခူဆဲလ်၊ ကိုစု၊ ရဲလေး၊ ရည်မွန်၊ ကောင်းကောင်း၊ ဝေကြီး၊ သားပေါက်၊ စိုင်းခိုင်ခမ်း၊ လင်းထိုက်၊ ရှိုင်းကိုကို၊ ဖိုးပြည့်တို့ရေးသားထားတဲ့ သီချင်းများပါဝင်ပြီး ဖြိုးပြည့်စုံ၊ဇွဲပြည့်၊မိစန္ဒီ၊ ပန်းရောင် ခြယ်နဲ့ Jewel တို့က Featuring သီဆိုထားကြတာ ဖြစ်ပါတယ်။ Legacy Myanmar Music ကနေ လည်း ဝယ်ယူနားဆင်လို့ရနိုင်ကြောင်း သိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here