မိဘတွေ လက်ခံနိုင်မယ့်သူမျိုးကို ချစ်သူအဖြစ်ရွေးချယ်သွားမယ့် ယွန်းယွန်း

0
358

ချစ်စဖွယ်အမူအရာလေးတွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့ ဆယ်ကျော်သက် အနုပညာရှင် ယွန်းယွန်းက အခုဆိုရင် အသက် ၁၈ နှစ် အရွယ်ကို ရောက်လာပါပြီ။ ဒီအရွယ်ကို ရောက်လာချိန်မှာတော့ သူ့ရဲ့ပရိသတ်တွေကချစ်သူရည်းစားရသွားမှာလည်း စိုးရိမ်နေကြ တာရှိပါတယ်။ အချစ်ရေးမှာ ရင်ခုန်မှုရှိနေ ပြီလား၊ ဘယ်အချိန်မှာ စဉ်းစားသွား မလဲဆိုတာကိုတော့ ယွန်းယွန်းက … “အချစ်ရေးကို ဘယ်အချိန်ကျမှ စဉ်းစားမယ်လို့ တွေးထားတာ မရှိပါဘူး။ ကိုယ်ချစ်တဲ့သူတွေ့တဲ့အချိန်ပေါ့” လို့ ဆိုပါတယ်။ ယွန်း ယွန်းက အသက်ငယ်ပေမယ့် မိဘတွေအပေါ် သိတတ်နားလည် တဲ့သူ လို့ဆိုရမှာပါ။ အပျော်သဘောရည်းစားထားတာ မျိုး မလုပ်ချင်တဲ့ ယွန်းယွန်းက မိဘတွေလည်း သဘောတူနိုင်မယ့် သူမျိုးကို ချစ်သူ အဖြစ်ရွေးချယ်သွားမှာ ဖြစ်ကြောင်းကို …

“ညီမကို မိဘတွေကလည်း နားလည်မှုပေးတယ်။ သူငယ် ချင်းတွေ ကလည်း ကိုယ့်အပေါ် တအားကောင်းတယ် ဆို တော့ ညီမကို အလိုလိုက်ပြီးတော့ ဂရုတစိုက်လေးနဲ့ ချစ် ပေးမယ်ဆိုရင်တော့ အဆင်ပြေပါ တယ်။ စဉ်းစားမယ်ဆိုရင် တစ်နှစ်၊ နှစ်နှစ်တွဲဖို့ထက် ကိုယ်ကိုယ်တိုင် လည်း သဘော ကျပြီး မိဘတွေ လက်ခံနိုင်လောက်မယ့်လူမျိုးကို စဉ်း စားမှာပါ။ အကျင့်စာရိတ္တလည်း ကောင်းမယ့်၊ ပညာ လည်းတော်တဲ့ သူမျိုးပေါ့။ ညီမကိုလည်း ချစ်ရမယ်။ အဲဒီလိုလူမျိုး လိုချင်တယ်။ အခု အ ချိန်ထိတော့ မတွေ့ သေးပါဘူး”လို့ ချစ်သူမရှိသေးတဲ့အကြောင်း ယွန်း ယွန်းက ပြောပြခဲ့ပါတယ်။

ယွန်းယွန်းက ကြော်ငြာတွေ၊ ဓာတ်ပုံတွေနဲ့ ဇာတ်လမ်း တွဲတွေ ရိုက်ဖြစ်ပေမယ့် ရုပ်ရှင်ဇာတ်ကား ကြီးတွေ ရိုက်ကူးဖို့ အတွက်ကိုတော့ အရှိန်ယူနေတုန်းပါ။ ကျောင်းတက် နေတဲ့ အတောအတွင်းမှာလည်း သင် တန်းတွေ တက်ရောက်ဖြစ်နေပြီး ဂီတတူရိယာတွေကိုလည်း စိတ်ဝင် စားတဲ့အတွက် တယော၊ စန္ဒရား၊ ဂစ်တာတီးခတ်နည်းတွေကိုလည်း သင်ယူချင်နေ ပါ တယ်။ ဘာသာ စကားနဲ့ ပတ်သက်တဲ့ သင်တန်းတွေ လည်း တက်ရောက်ဖို့ အစီအစဉ်ရှိ တယ်လို့ ယွန်းယွန်းက ပြောပြခဲ့ပါ တယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here