ဟိုး ခပ်ဝေးဝေး ယာတောကို
အဖေသွားတဲ့နေ့က
နေဝင်ချိန်မုတ်သုန်မိုးတွေလိမ့်လာနေပြီ။
မိတ္ထီလာကိုကုန်ကူးသွားတဲ့နေ့က
နေဝင်ချိန်မုတ်သုန်မိုးတွေလိမ့်လာနေပြီ။
အဲဒီမိုးရေတွေကြားထဲ
အရက်သောက်တတ်တဲ့အဖေ့အတွက်
ဘယ်ကန် ဘယ်ဆည်မှာ
ဘေးတွေ့ပါ့မလဲ
စိုးရိမ်စိတ်တွေ တဖွဲဖွဲရွာချ
မျက်ရည်မိုးသီးတွေပါကျတယ်။
ညနေစာထမင်းဝိုင်းမှာ
အဖေ့ကိုစောင့်နေရမလား
မိုးကြီးမည်းမှောင် ငှက်ဆိုးထိုးတဲ့ ညတွေမှာ
အဖေ့သွားနေကျလမ်းတစ်လျှောက်
မီးအိမ်ငယ်လက်ဆွဲ
အပြေးအလွှားလိုက်ရှာခဲ့ပေါ့။
မြန်မြန်ပြန်လာပါတော့အဖေ
မိုးရိပ်တွေတက်လာနေပြီ
မိုးမလုံတဲ့အိမ်ငယ်ငယ်မှာ
အဖေ့အတွက်
ညနေစာပြင်ထားပါတယ် အဖေ။
နေလွဏ်းအိမ်