ရုပ်ရှင်လောကအတွက် သရုပ်ဆောင်သစ်များ မွေးထုတ်ပေးသွားမယ့် ခသုံးလုံး ထုတ်လုပ်ရေး

0
144

ရုပ်ရှင်လောကအတွက် မျိုး ဆက်သစ်သရုပ်ဆောင်များ မွေး ထုတ်ပေးဖို့အတွက် ရည်ရွယ်တဲ့ ခ သုံးလုံးထုတ်လုပ်ရေးရဲ့ သရုပ်ဆောင် သစ်ရွေးချယ်ပွဲကို သြဂုတ်လ ၂၂ ရက်နဲ့ ၂၄ ရက်နေ့များမှာ မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ် ခဲ့ပါတယ်။ အကဲဖြတ်ဒိုင်များအဖြစ် ဒီထုတ်လုပ်ရေးကို တည်ထောင်ထား ကြတဲ့ အနုပညာရှင် ၃ ဦးဖြစ်တဲ့ ခန့် စည်သူ၊ ထွန်းအိန္ဒြာဗိုလ်၊ ခိုင်သင်း ကြည် နဲ့ Beauty Blogger နေခြည် ဦးတို့က ဆောင်ရွက်ခဲ့ကြတာပါ။ သရုပ်ဆောင်သစ်ရွေးချယ်ဖြစ်ပုံနဲ့ ပတ်သက်ပြီး ခန့်စည်သူက…

” ခသုံး လုံးအပြင် ရုပ်ရှင်လောကအတွက် အနုပညာ မျိုးဆက်သစ်ကလေးတွေ သူတို့ကြိုး စားရင် ကြိုးစားသလို နေရာလေးရအောင် လက်တွဲခေါ်တဲ့ သဘောပါ” လို့ ပြောပါတယ်။ ဒီပွဲမှာ နေခြည်ဦး ကို အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ပေးဖို့ အကူအညီတောင်း ဖြစ်ပုံကိုတော့ ခိုင်သင်းကြည်က “ဒီဇာတ်ကားမှာ ပါဝင်တဲ့ သရုပ် ဆောင်တွေအကုန်လုံးက ရွေးချယ်တဲ့ သဘော၊ အလှအပပိုင်းဆိုင်ရာ၊ လူငယ်အတွေးအမြင်လေးတွေ သူ မေးမယ်။ အစ်မအကူအညီတောင်း လိုက်တာပါ” လို့ ရှင်းပြပါ တယ်။ သရုပ်ဆောင်အမျိုးသား ၂ ဦး၊ အမျိုး သမီး ၂ ဦး ရွေး ချယ် သွားမှာဖြစ်ပြီး စက်တင်ဘာလဆန်း မှာ ရွေးချယ် ခံရတဲ့ သရုပ်ဆောင် သစ်များကို ကြေညာပေးသွားမှာဖြစ်ပါတယ်။

သရုပ်ဆောင်သစ်တွေ ရွေးချယ် ရာမှာ ရုပ်ရည်ပိုင်းကိုပဲ အဓိကရွေး ချယ်တာမဟုတ်ဘူးလို့ ဆိုတဲ့ ခန့်စည် သူက “ကျွန်တော်တို့ အားလုံးက သေတဲ့အထိ သုံးစွဲနိုင်တာ ရုပ်ရည် မဟုတ်ပါဘူး။ အရည်အချင်းပါ။ အခု အောင်မြင်နေတဲ့ သရုပ်ဆောင် တွေထဲမှာချောမောလှ ပတဲ့လူရှိသလို မချောဘဲနဲ့ အိုက်တင် ကောင်းတဲ့ အောင်မြင်တဲ့ သရုပ်ဆောင်တွေ လည်း အများကြီးရှိပါတယ်”လို့ ပြောပါတယ်။

သရုပ်ဆောင်သစ်များကို ခသုံး လုံး ရုပ်ရှင်ထုတ်လုပ်ရေးက အောက် တိုဘာလမှာ ရိုက်ကူးသွားမယ့် ရုပ် ရှင်ဇာတ်ကားမှာ စမ်းသပ်ရိုက်ကူး သွားမှာပါ။ သရုပ်ဆောင်သစ်တွေရဲ့ အရည်အချင်း၊ ကြိုးစားအားထုတ်မှု၊ နာခံမှုပေါ်မူတည်ပြီး စာချုပ်ချုပ်သင့် မချုပ်သင့်ကို စဉ်းစားဆုံးဖြတ်သွားမှာ ပါလို့ ခန့်စည်သူက ဆိုပါတယ်။ ထုတ်လုပ်ရေးက ရရှိတဲ့ အကျိုးအ မြတ်တချို့ကိုလည်း လှူဒါန်းသွားမယ် လို့ ထွန်းအိန္ဒြာဗိုလ်က ပြော ပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here