သမီးIVY နဲ့အတူ အနုပညာလောကထဲ တစ်ကျော့ပြန်ဝင်ရောက်လာတဲ့အေသင်ချိုဆွေ

0
209

Single Mother ဖြစ်ကြောင်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြပြီး သမီးလေးနဲ့အတူတူ ရိုက် ကူးထားတဲ့ ချစ်စရာပုံလေးတွေကို လူမှုကွန်ရက်ပေါ်မှာ အမြဲတမ်းတင် ဖြစ်နေသူကတော့ အဆိုတော် အေ သင်ချိုဆွေပါ။ အခုလက်ရှိအနုပညာ လောကထဲကို ပြန်လည်ဝင်ရောက် လာတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုစိတ်ဓာတ်မျိုးထားရှိဖြစ်လဲ ဆိုတဲ့အပေါ်ကိုလည်း အေသင်က…

“အခုလက်ရှိ အနုပညာလောကထဲ ကို ပြန်ဝင်လာတဲ့အချိန်မှာ တအား ကို Strong ဖြစ်တဲ့ မိန်းမတစ်ယောက် အနေနဲ့ ပြန်ဝင်လာတယ်။ အခုလက် ရှိဘဝကိုလည်း ကျေနပ်တယ်။ ကိုယ် ကSingle Mother ဖြစ်တဲ့အတွက် ပိုပြီးတော့တောင် ကိုယ့်သမီးလေး အတွက် Strong ဖြစ်နေရမယ်။ အေ သင်ကိုယ်တိုင်လည်း ဘယ်သူ့ကိုမှ အားမကိုးချင်ဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ ပိုအားကိုးပြီးတော့ လိပ်ပြာလုံချင် တယ်။ ဘဝကို ဆက်ပြီး ရှင်သန်ဖို့ အတွက်”လို့ ပြောပြခဲ့ပါတယ်။

အခု လိုမျိုး ကိုယ်ကSingle Mother အဖြစ်နဲ့ ပရိသတ်တွေကို အေသင် မှာ သမီးလေးရှိကြောင်း ပြောပြလိုက် တဲ့အပေါ်မှာလည်း ပရိသတ်တွေ ဘက်က တုံ့ပြန်ပုံနဲ့ပတ်သက်ပြီးတော့ အေသင်ဘယ်လိုမျိုး ခံစားရလဲ။ဘယ် လိုအကြောင်းတွေကြောင့် ကိုယ်ကSingle Mother ဖြစ်ကြောင်း ပရိ သတ်တွေကို အသိပေးဖြစ်ခဲ့တာလဲ ဆိုတာကို “တအားပျော်ပါတယ်။ အဲ ဒီလိုမျိုး ထောက်ခံမယ်၊ အားပေး မယ်လို့လည်း မထင်ဘူး။ အေသင်ရဲ့ အကြောင်းကို ပြောလိုက်တယ်ဆို တာ ဆက်ပြီးတော့ မဖုံးထားချင် တော့ဘူး။ နောက်ပြီးတော့ အေသင် အပြင်သွားတယ်ဆိုလည်း ခေါ်သွား ချင်တယ်။ လူတိုင်းက မေးတယ်။ ကလေးနဲ့အတူ အပြင်သွားရင်လည်း ဘယ်သူ့ကလေးလဲ။ ဘာညာမေးရင် လည်း အေသင်ကိုယ်တိုင်ဆိုရင် အေ သင့်သမီး အဲဒီလိုပဲ ပြောတယ်။ အခု လိုပြောပြလိုက်တဲ့အတွက်လည်း အေသင်နေရတာ ပေါ့ပေါ့ပါးပါး ရှိ သွားတယ်။ နောက်ပြီးစိတ်ထဲမှာ တ အားကြီး သူများပြောမှာ ကြောက် တာတွေ အဲဒီလိုတွေ မရှိတော့ဘူး။ လိပ်ပြာလုံပြီးတော့မှ ကိုယ်နေထိုင် ရတာ ပိုပြီးပေါ့ပါးသွားတယ်။ ဒါပေ မဲ့ အဲဒီနောက်မှာ နောက်ဆက်တွဲ အနေနဲ့ အိမ်နဲ့ အဆင်မပြေတာ ပတ် ဝန်းကျင်ကအကောင်းပြောတဲ့သူရှိ သလို မကောင်းပြောတဲ့သူကတော့ ရှိမှာပဲ။ လူတွေရဲ့ သဘာဝပဲလေ။ ကောင်းတဲ့ လူတွေပြောတဲ့စကားတွေ ကိုအေသင်ခေါင်းထဲ ထည့်လိုက် တယ်။ မကောင်းတာပြောတဲ့သူတွေ လည်းပြော။ ဒါကလည်း သူတို့ရဲ့ လွတ်လပ်ခွင့်အနေနဲ့ ပြောခွင့်ရှိ တယ်။ အခုအချိန်မှာတော့ အေသင် နေရတာ တအားပျော်တယ်။ ပရိ သတ်တွေကရော ကိုယ့်ရဲ့ Fan တွေ ကရော အပြင်ကလူတွေ အကုန်လုံး ကလည်း ကလေးကို တအားချစ်ပေး တဲ့အတွက် ကျေနပ်တယ်”လို့လည်း ပြောပြခဲ့ပါသေးတယ်။ သမီးလေးရဲ့ ချစ်ဖို့ကောင်းတဲ့အချက်တွေ ကို လည်း အေသင်ချိုဆွေက…

“သူက အေသင်နဲ့တော့ ဆန့်ကျင်ဘက် တအားမျက်နှာချိုတယ်။ တွေ့တဲ့ သူတိုင်းကို ရယ်ပြတယ်။ ပြုံးပြတယ်။ တူတာက တော့ နည်းနည်းစိတ်ကြီး တယ်။ သူကတအားချစ်ဖို့ကောင်း တော့တွေ့တဲ့သူတိုင်းကလည်း ချစ် တယ်။ အဲဒါကြောင့်မို့လို့လည်း ဆက်ပြီးတော့ ကိုယ့်ကလေးကိုံငိန မလုပ်ထားချင်တော့ဘူး။ အေသင် ပြောပြချင်တယ်။ သူ့မှာက နှစ်ဖက် ဆွေမျိုးသား ချင်းဆိုတာ မရှိဘူး။ အေသင်ရှိမယ်။ အေသင့် မိသားစုရှိ မယ်။ ပရိသတ် တွေအပြင် တချို့လူ တွေသူ့ကို ဝိုင်းချစ်တာ သူ့ကို မေတ္တာတွေပေးတာကိုအေသင် သူ့ကို မေတ္တာတွေ ရစေ ချင်တယ်။ ချစ်ပေးတဲ့အတွက်လည်း ကျေးဇူး တင်ပါတယ်”လို့လည်း ပြော ပြခဲ့ ပါတယ်။ အေသင်ချိုဆွေက သြဂုတ် လ ၂၆ ရက်နေ့မှာတော့ သမီးလေးIVY ရဲ့ တစ်နှစ်ပြည့် မွေးနေ့အလှူကို ပြုလုပ်ပေးခဲ့ပါ တယ်။

ခိုင်ဝါဝင်း

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here