မာန်ဖီရင်းနဲ့
လည်ဆံမွေး ခပ်ကြွားကြွား
လက်သည်းချွန်ချွန်နဲ့
ဆော့ကစားနေခဲ့တယ်။
ဝဲပျံနေလေတဲ့ ညဥ့်ငှက်
နတ်မျက်စိရမ္မက်အစွမ်းနဲ့ရှာဖွေ
အော်ဟစ်သံ ဆူညံဝေခဲ့တယ်။
‘သမ္မာ’ဆိုတဲ့စကား
နာတာရှည်အမေ့ဖျောက်ခံရင်း
ရေကြီး
ရေနစ်
လူဟောင်း
လူသစ်
ငလျင်တွေထထဟစ်တဲ့ည။
အဋ္ဌာရသပညာထက်
လက်မတင်လွှဲတတ်ရင် ဆရာ
အန္တေဝါသိကမွေးမြူလို့
အဲဒီညတွေမှာပေါ့
ဖဲထီးကိုအမည်းရောင်ဆိုးရင်း
ညဟာညဥ့်နက်နေခဲ့တယ်
အလင်းရောင်ထက်
တပ်မက်မှုက
အိပ်မောကျကောင်းနေဆဲ။
သားလမင်း(မြို့သာ)