ကိုးဂဏန်းတွေ စုံတဲ့နေ့မှာ Music Video အခွေထွက် ရှိလာတော့မယ့် ပိုပို

0
214

ကဲ လာပြီ။ လာပြီ။ ပိုပိုရဲ့ ‘Masterpiece’ တေးစီးရီး Music Videoစီးရီးခွေကို စက်တင်ဘာ ၉ ရက်နေ့မှာ ထွက်ရှိလာတော့မှာပါ။ ဇာတ်လမ်း စဉ်းစားတာကောင်းတဲ့ အဆိုတော်မလေးက ‘Masterpiece’ မှာ သူကိုယ် တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်ကူးထားတာရှိသလို နာမည်ကြီး လူငယ် ဒါရိုက်တာတွေရဲ့ ဖန်တီးရိုက်ကူးချက်တွေလည်း ပါဝင်ပါတယ်။ ပါဝင်သရုပ် ဆောင်ထားတဲ့ အနုပညာရှင်တွေထဲမှာ နေတိုး၊ ဝတ် မှုံရွှေရည်တို့လို အနုပညာ ရှင်တွေလည်း ပါဝင်ပါတယ်။

“တစ်ချိန်ကျရင် ကိုယ့်ရဲ့ သီချင်းလေးတွေကို ဘယ်လိုဖန်တီးခဲ့တယ်ဆို တာကို ပြန်လှည့်ကြည့်လို့ရတဲ့ ဂီတမှတ်တိုင်လေးလည်းဖြစ်မှာပါ။ ပရိသတ် တွေ ကြည့်ရှုတဲ့အခါမှာလည်း ခံစားလို့ကောင်းအောင်ပေါ့။ ဆိုတော့ ပိုပို အကောင်းဆုံးပဲရိုက်တယ်။ ရိုးရိုးအမ်တီဗီပုံစံမျိုးဆိုရင်တော့ ကျပ်၁ဝသိန်း၊ ၁၅ သိန်းလောက် အကုန်ခံပြီး ရိုက်ကူးတယ်။ ဒါကိုယ်ကိုယ်တိုင်ရိုက်ကူးတာပေါ့။ တချို့အပုဒ်တွေဆိုရင်တော့ သိန်း ၃ဝ အကုန်ခံပြီး ရိုက်ကူးတယ်။ ပိုပို့ အခွေ ထဲမှာ အများဆုံးအကုန်ခံပြီး ရိုက်ထားတာက “မင်းကိုမချစ်လို့ မဟုတ်ဘူးကွယ်” သီချင်းကို ကိုနေတိုးရယ်၊ မကစ် (ဝတ်မှုံရွှေရည်)ရယ်၊ အောင်လေးရယ်ပေါ့။ Story ပုံစံ အရှည်ကြီးပါ။ အဲဒါကတော့ ကျပ် သိန်း ၈ဝ လောက် ကုန်သွား တယ်။ ဒါရိုက်တာကတော့ အောင်မြတ်ရိုက်တာပေါ့” လို့ ‘Masterpiece’အတွက် သူကြိုးစားထားတာလေးတွေကို ပြောပြပါတယ်။ လတ်တလောမှာလည်း ထိုင်းနိုင်ငံမှာ Music နဲ့ ပတ်သက်လို့ ကျောင်းသွားတက်နေတဲ့ ပိုပိုက ဒါရိုက် တာပိုင်းနဲ့ ပတ်သက်လို့လည်း ကျောင်းတက်ဖို့ ရည်ရွယ်ထားပါသေးတယ်။

“အနုပညာသမားဆိုတာက တော့ အကုန်လုပ်ချင်တာပေါ့နော်။ ဒါပေမဲ့ တချို့ဝါသနာမပါတဲ့အရာ တွေတော့ရှိတာပေါ့။ ဥပမာ-ပိုပို့ကို ပန်းချီဆွဲချင် သလားမေးရင် ပန်းချီ မဆွဲချင်ဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒါရိုက် တာပိုင်းကို ဝါသနာပါတယ်။ ဒါပေမဲ့ ကိုယ်တွေ ဒီနိုင်ငံမှာက မိန်းကလေးတစ် ယောက်အနေနဲ့ သီးသန့်ကြီး အလုပ်လုပ်မှဖြစ် မှာပေါ့နော်။ ပိုပိုက Story စဉ်းစား တာတော့ ရတယ်။ အတတ်နိုင်ဆုံး၊ အကောင်းဆုံးဖန်တီးပြီး ရိုက် ကူးတယ်။ ဒါပေမဲ့ ပရော်ဖက် ရှင်နယ်ဖြစ်ဖို့က အများကြီး လေ့လာသင်ယူရဦးမယ်” လို့ ပိုပိုက ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here