ဝေဖန်မှုတွေ ကြုံလာတဲ့အခါ စိုင်းစိုင်းခမ်းလှိုင်ကို အတုယူရတယ်ဆိုတဲ့ Tyron

0
144

မော်ဒယ်လ်တစ်ဦးအဖြစ် အနုပညာလောကကို ဝင်ရောက်လာခဲ့တဲ့ Tyron ကတော့ လက်ရှိမှာသရုပ်ဆောင်တစ်ဦးအဖြစ်လည်း ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ပါဝင်ရိုက်ကူးနေပြီဖြစ်ပါတယ်။ သူကတော့ မကြာမီရုံတင်ပြသတော့မယ့် “တစ်ခုလပ်” ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားမှာ သူ့ရဲ့ပါဝင်သရုပ်ဆောင်မှုနဲ့ပတ်သက်ပြီး သရုပ်ဆောင် Tyron က အခုလို ပြောပြခဲ့ပါတယ်။

“တစ်ခုလပ် ရုပ်ရှင်ဇာတ်ကားမှာ ကျွန်တော်ပါဝင်ထားတဲ့ ကာရိုက် တာကတော့ ဆိုးတယ်။ အဖေကို ငယ်ငယ်လေးကတည်းက နာကြည်းတယ်။ အမေက ယောက်ျားသားတွေ နဲ့ အလုပ်လုပ်နေတာကိုလည်း မကြိုက်ဘူး။ ကိုယ်ကိုယ်တိုင်လည်း အလုပ်မလုပ်ဘူးပေါ့။ အဲဒီလိုဆိုးတဲ့ ကာရိုက်တာနဲ့ ပါဝင်ထားပါတယ်။ နောက်ပိုင်း မှာ ဇာတ်အပြောင်းအလဲ ဖြစ်သွားတဲ့ပုံစံတွေလည်း ပါတယ်။ အဲဒီဇာတ်ကားရိုက်ကူး တုန်းကလည်း ဆရာညွန့်မြန်မာညီညီအောင်ရဲ့ ဆုံးမမှုအောက်မှာ ကျွန်တော် အကောင်းဆုံးလုပ်ပြနိုင်ခဲ့တယ်။ သရုပ်ဆောင် အလုပ်ကို ကျွန်တော်ချစ်တယ်။ ဒီ အလုပ်အပေါ် ရိုးသားတယ်။ ပရိ သတ်ကိုလည်း အိုက်တင်တွေ လုပ်ပြချင်တယ်။ ကျွန်တော်က သရုပ်ဆောင်ရူးတာ။ မင်းသားရူးတာ မဟုတ်ဘူး။ အဲဒါကြောင့် ဗန့်ပဲဖြစ်ဖြစ် ဘယ်လိုကာရိုက်တာမျိုးမဆို ကျွန် တော် အကောင်းဆုံး ကြိုးစားပြီးတော့ သရုပ်ဆောင်ပါတယ်”လို့ ပြောပြခဲ့ ပါတယ်။

ဝေဖန်မှုတွေနဲ့ ပတ်သက်လာ ရင် စိုင်းစိုင်းခမ်းလှိုင်ကို အတုယူရပါ တယ်လို့ ပြောလာတဲ့ သရုပ်ဆောင် Tyron က …

“တစ်ခါတလေ ကိုယ့်ကို ဝေဖန်တာတွေကို ဒေါသထွက်တာတွေရှိပါ တယ်။ ဒါပေမဲ့ ကိုစိုင်းကိုအတုယူရတာတွေရှိတယ်။ ဝေဖန်မှုတွေကြား ထဲမှာ ဒီလောက် နှစ်တွေအကြာကြီး ရပ်တည်နိုင်ခဲ့တာတေပေါ့။ ဝေဖန်မှု တွေထဲမှာ ကိုယ်လက်မခံ နိုင်တဲ့ အကြောင်းအရာတွေတော့ ရှိပါတယ်။ အဲဒါကတော့ ရှင်းပြ လို့လည်း မရတဲ့အပိုင်းတွေ ရှိတယ်။ ဥပမာ – ကျွန်တော့်ကို Gay လို့ပြောလာရင် လူတိုင်းကို ကျွန်တော်က Gay မဟုတ် ပါဘူးဆိုတဲ့အကြောင်း သက်သေ လိုက်ပြလို့ မရဘူးလေ။ အဲဒီလိုမျိုး လေးတေပေါ့။ ဟာသအနေနဲ့ ပြောပြတာပါ(ရယ်လျက်)” ပြောပြခဲ့ပါ တယ်။

ဆက်လက်ပြီး LGBT တွေ အပေါ် ဘယ်လိုမြင်လဲလို့ မေးမြန်းခဲ့ရာ …

“သူတို့တွေကို ဘယ်လိုမြင်လဲ ဆိုရင် ချစ်ဖို့ကောင်းပါတယ်။ လူ သားအချင်းချင်း ချစ်နေကြတာဖြစ်တဲ့ အတွက် ဒါက ပြဿနာမရှိပါဘူး။ လူတွေက မိန်းကလေးနဲ့ ယောက်ျားလေးနဲ့ပဲချစ်ချစ်၊ ယောက်ျားလေး ချင်းပဲ ချစ်ချစ်၊ မိန်းကလေးချင်းပဲ ချစ် ချစ်သက်ရှိသက်မဲ့တွေလည်းချစ်လို့ရတာပဲ။ ဥပမာ ကျွန်တော်ဆို ရင် ဆိုင်ကယ် တွေကားတွေကိုချစ်တယ်။ ဒါလည်း ချစ်တာပဲလေ။ အဲဒါကြောင့် လူလူချင်းချစ် တာလည်း ချစ်တာပဲလေ။ အဲဒါတွေကို လည်း Open လုပ်ပေးစေချင်ပါ တယ်” လို့ သရုပ်ဆောင် Tyron က ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here