အိန္ဒြာကျော်ဇင်ဆီက အားကျအတုယူရတဲ့အချက်တွေကိုအလှမယ်စဝ်ယွန်းဝတီဦးပြောပြ

0
204


Miss Myanmar Interational 2017 အလှမယ် တစ်ဦးဖြစ်တဲ့ စဝ်ယွန်းဝတီဦးကတော့ သရုပ်ဆောင်တစ်ဦးအဖြစ် ရုပ်ရှင် ဇာတ်ကားများမှာလည်း ပါဝင်သရုပ် ဆောင်နေပြီဖြစ်ပါတယ်။ မကြာသေးမီကလည်း ဒါရိုက်တာဟိန်းစိုး ရိုက်ကူးတဲ့ ‘ဟစ်တိုင်’ ရုပ်ရှင်ဇာတ်ကားမှာ မေသန်းနု၊ အိန္ဒြာကျော်ဇင် စတဲ့ ဝါရင့်သရုပ်ဆောင်များနဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဇာတ်ရုပ်မျိုးစုံ သရုပ်ဆောင်ကြည့်ချင်တယ်ဆိုတဲ့ အလှမယ် စစ်ယွန်းဝတီဦးက…

“ဟစ်တိုင် ရုပ်ရှင်ဇာတ်ကားမှာ ညီမက အိမ်ထောင်သည်အမျိုးသမီးတစ် ယောက်အဖြစ် ပါဝင်သရုပ် ဆောင်ထားပါတယ်။ သရုပ်ဆောင် ပိုင်းနဲ့ပတ်သက်ပြီး ညီမ အများကြီး လေ့လာသင်ယူခဲ့ရပါတယ်။ ဒါရိုက် တာ ဦးဟိန်းစိုးဆိုလည်း ညီမကို လက်တွဲခေါ်တယ်၊ အများကြီးသင်ပေးတယ်။ ရိုက်ကွင်းမှာဆိုလည်း ဝါ ရင့် သရုပ်ဆောင်တွေက ညီမကိုစိတ်ရှည်ရှည်ထားပြီးတော့သင်ပြပေးကြ တယ်။ လိုအပ်တာတွေကိုလည်း အများကြီး ပြောပြပါတယ်။ ဇာတ်ရုပ် ကတော့ ညီမရွေးချယ်တာ မရှိပါဘူး။ ဇာတ်ရုပ်မျိုးစုံသရုပ်ဆောင်ချင်ပါတယ်။ ကိုယ် သရုပ်ဆောင်လုပ်ချင်တဲ့ ဇာတ်ရုပ်ဆိုတာထက် ညီမက ဇာတ်ရုပ်တစ်ခုကို အသက် သွင်းတယ်ဆိုတဲ့စိတ်နဲ့ပဲ ဟစ်တိုင် ရုပ်ရှင်ဇာတ်ကားမှာ အကောင်းဆုံး ဖြစ်အောင် သရုပ်ဆောင် ထားပါတယ်။ သရုပ်ဆောင်အလုပ်ကို ဆက်လက်လုပ်ကိုင် လုပ်သွားဖို့လည်း ရှိပါတယ်။ ညီမက ငယ်ငယ်လေးကတည်းက သီချင်းဆိုတာကို ဝါသနာပါပေမယ့် ကိုယ်တိုင်လုပ်ကြည့်တဲ့ အခါ မှာ ဒီသရုပ်ဆောင်အလုပ်ကို ညီမပိုလုပ်နိုင်တယ်လို့ ထင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

သူကတော့ ‘ဟစ်တိုင်’ ရုပ်ရှင် ဇာတ်ကားမှာ သရုပ်ဆောင် အိန္ဒြာကျော်ဇင်နဲ့အတူ ပါဝင်သရုပ်ဆောင် ခဲ့ပြီး နှစ်ယောက် တွဲပုံကို Facebook ပေါ်တင်လိုက်တဲ့အခါမှာ ညီအစ်မ လို့ ထင်ရအောင် ရုပ်ချင်းဆင်နေတယ်ဆိုပြီး ပရိသတ်အများစုက ပြောခဲ့ကြပါတယ်။ အဲဒီလိုပြောကြတာကြောင့် ဝမ်းသာ တယ်ဆိုတဲ့ သရုပ်ဆောင် စဝ်ယွန်းဝတီဦးကို မအူဝဲဆီက နေ အားကျအတုယူရတဲ့ အချက်တွေကကော ဘာများဖြစ် မလဲလို့ မေးကြည့်တော့ …

“မအူဝဲနဲ့ တူတယ်ဆိုပြီး ပြော ကြလို့ဝမ်းသာပါတယ်။ ဒါပေမဲ့ မအူဝဲရဲ့ အလှကိုတော့ ဘယ်သူမှ မီမှာ မဟုတ်ပါဘူး။ မအူဝဲကဘယ်သူနဲ့မှ မတူအောင် လှတယ်။ အားကျအတု ယူရတဲ့အချက်တွေဆိုရင် မအူဝဲက သရုပ်ဆာင်ပိုင်းမှာ တအားတော်တယ်။ ပြီးတော့အလုပ်ကိုလည်း စနစ်တကျ လုပ တတ်တယ်။ ပရိသတ် အပေါ်မှာ စေတနာ ရှိရှိနဲ့ အပြည့် အဝပေးဆပ်တယ်။ အဲဒါတွေ ကိုသဘောကျပါတယ်။ ညီမတို့လို သရုပ်ဆောင် အသစ်တွေကိုလည်း လက်တွဲခေါ် တယ်။ အားလုံးနဲ့ ပျော်ပျော်ရွှင်ရွှင်နေ တတ်တယ်။ အဲဒါလေး တွေကိုလည်း တအားချစ်ပါတယ်” လို့ ပြောပြခဲ့ပါ တယ်။

သတင်း

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here