ကော်နီ ရဲ့ အခွေသစ်ထွက်ဖို့ ဘာကြောင့်ကြန့်ကြာ နေရတာလဲ

0
207

‘မကော်’ လို့ ခင်မင်သူတွေ ချစ်စနိုးခေါ်ဝေါ်ကြတဲ့ အဆိုတော်ကော်နီက တေးစီးရီးခွေမထွက်တာ တော်တော်ကြာ သွားပြီ။ ထွက်လာမယ်၊ ထွက်လာမယ်ဆိုပေမယ့် လက်ရှိအချိန်ထိ ထွက်လာနိုင်ခြင်း မရှိသေးဘူး။ သူအခွေ သစ်ထွက်ဖို့ ဘာကြောင့်ကြန့်ကြာနေရတာလဲ။ ဘာတွေဖိအားရှိနေလဲဆိုတာ ကော်နီနဲ့ တွေ့ဆုံတုန်း မေးမြန်းဖြစ်တဲ့အခါ …

“မကော်အခွေက ဟုတ်တယ်။ ၂ဝ၁၁ ခုနှစ်ကတည်းက လုပ်နေတာလေ အခွေလေးက။ အဲဒီအခွေထဲမှာ လင်းလင်း၊ မိုးမိုး၊ ကျားပေါက်၊ ဆောင်းဦးလှိုင်၊ V နိုထွန်းနဲ့ မီးမီးခဲတို့ ပါဝင် တယ်။ အခုနောက်ပိုင်းဆိုရင် ဝေကြီးနဲ့ ညီမင်းခိုင်တို့ ပါဝင်လာတယ်။ တီးဝိုင်းကလည်း ၃ ဝိုင်းဖြစ်သွားတယ်။ ROS ရယ်၊ The Trees ရယ်၊ Dream Lover ရယ်။ စိတ်ကြိုက် မဖြစ်လိုက်၊ ဟိုဟာ လုပ်လိုက်၊ ဒီဟာလုပ်လိုက်နဲ့ ကိုယ့်ဘာသာကိုယ်လည်း ကျန်းမာရေး မကောင်းလိုက်၊ မိသားစု ကိစ္စလေးတွေဖြစ်ရင် မကော်က ၂ နှစ်၊ ၃ နှစ်လောက် အခွေကို ပစ်ထားလိုက်နဲ့ ဖြစ်နေတာ။ တချို့ သီချင်းလေးတွေဆိုရင် မကော်က အမေရိကသွားတုန်း ရိုက်တောင်ရိုက်ကူးခဲ့သေးတယ်။ နှမြောဖို့ကောင်းတယ်။ မထွက်ဖြစ်ဘူးဆိုတာက မကော် အိမ်မှာ လူမှုရေး၊ စီးပွားရေး၊ ပရဟိတ အကုန်လုံးကို မကော်တစ်ယောက်တည်း လုပ်ကိုင် ရတာဖြစ်တဲ့အတွက် မကော် ဒီအနုပညာဘက်ကို လစ်ဟင်းသွားတာပေါ့။ အဲဒီလိုမျိုးပါ။ ဒီနှစ် က ပြီးအောင်လုပ်ရမှာ။ ဘာဖြစ်လို့လဲဆိုတော့ မလုပ်လို့မဖြစ်တော့ဘူး။ ဘာကြောင့်ဆို ဒီထက် အသက်ကြီးသွားရင် မကောင်းတော့ဘူး။ ပန့် (ခ်) ပုံစံ မျိုးလေးတွေကိုတောင်မှ အခုဘယ်လိုဆိုရင် ကောင်းမလဲလို့ စဉ်းစားနေတယ်” လို့ ကော်နီက ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ-မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here