ပိုးထည် ဆိုင်ဖွင့်လှစ်ကြမယ့် စိုးညီအစ်မများ

0
273

အနုပညာရှင်များဖြစ်ကြတဲ့ စိုး မြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင် နဲ့ စိုးပြည့်သဇင်တို့ ညီအစ်မများက အောက်တိုဘာလမှာ ရန်ကုန်မြို့ အင်းယားမြိုင်လမ်းမှာ ပိုးထည်ဆိုင် ဖွင့်လှစ်တော့မှာပါ။ ညီအစ်မတွေ စုပြီး ပိုးထည်ဆိုင်ဖွင့်လှစ် ဖြစ်ပုံကို စန္ဒီမြင့်လွင်က …

“မဒါကတော့ ကျွမ်းကျင်တဲ့ သူ ဆိုတော့ အရင်တုန်းက အတွေ့အကြုံ ရှိဖူးတယ်။ စီးပွားရေးလုပ်ချင်တယ် ဆိုပြီး စကားစရင်းစရင်းနဲ့ မကြီးက လည်း ဝါသနာပါတယ်။ မိန်းမတွေ ဆိုတော့ ဒီအလုပ်က ကိုယ်တွေနဲ့ လည်း မစိမ်းဘူးပေါ့။ အကုန်လုံး ကလည်း ဝါသနာပါကြတော့ လုပ်ကြ မယ်ဆိုပြီး တိုင်ပင်ပြီး မိသားစုစီး ပွားရေးအနေနဲ့ လုပ်ဖြစ်တာပါ” လို့ ပြောပါတယ်။

အရင်က ကိုယ့်စီးပွား ရေးသာ ကိုယ်လုပ်ဖြစ်ကြပေမယ့် အခုလို ညီအစ်မ လေးယောက်ပေါင်း ပြီး စီးပွားရေးလုပ်ဖြစ်တဲ့အတွက် ပိုပြီးအားရှိစေတယ်လို့ ဆိုတဲ့ စန္ဒီမြင့် လွင်က…

“ညီအစ်မတွေ အလုပ်အတူတူ လုပ်ရတော့ ပျော်တာပေါ့။ အဓိက တော့ ပိုးထည်ဆိုင်ကို အောင်မြင် အောင် မိသားစုစီးပွားရေးဖြစ်အောင် လုပ်ဖို့ စဉ်းစားထားပါတယ်။ ဖွင့်ပွဲကို လည်း ခမ်းခမ်းနားနားလေးဖြစ် အောင် လုပ်သွားကြမယ်လို့ တိုင်ပင် ထားပါတယ်။ ညီအစ်မ လေးယောက် ဆိုတော့ ပိုပြီးအားရှိတာပေါ့။ အကုန် လုံးက အနုပညာသမားတွေပဲ ဆို တော့ မိသားစုတွေလည်း ဖြစ်တယ် ဆိုတော့ အလုပ်လုပ်ရတာ ပိုပြီး အင် အားတောင့်တာပေါ့” လို့ ပြောပါ တယ်။

ပိုးထည်ဆိုင်နာမည်ကိုတော့ စိုးမြတ်သူဇာက ပေးထားတာဖြစ်ပြီး မှတ်ပုံတင်ထားဆဲပဲ ရှိသေးတယ်လို့ ဆိုပါတယ်။ ညီအစ်မလေးယောက် အရင်တုန်းက ရုပ်ရှင်တွေလည်း အ တူတူ ရိုက်ကူးခဲ့ဖူးပြီး အခုနောက် ပိုင်းမှာလည်း ညီအစ်မတွေ ရုပ်ရှင် ရိုက်ကူးဖို့အတွက် စီစဉ်နေကြတယ် လို့ ပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here