မင်္ဂလာပွဲနဲ့ ပတ်သက်လို့သူရိယ ဘာပြောလဲ

0
165

သူရိယနဲ့ ဆုအိမ့်စံတို့ ချစ်သူနှစ်ဦးက အခုဆိုရင် ချစ်သူသက် တမ်းတစ်နှစ်ခွဲကို ကျော်လာပြီလည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ နှစ်ဦးစလုံးက သရုပ်ဆောင်တွေဖြစ်ကြတဲ့ အတွက် တစ်ယောက် ရဲ့ အလုပ်အပေါ် တစ်ယောက်က နားလည်မှု အပြည့်ရှိကြပြီး သားပါ။ ဒါ့အပြင် အပြင်သွား တာပဲဖြစ်ဖြစ်၊ အခမ်းအ နားပွဲတွေမှာပဲဖြစ်ဖြစ် နှစ်ဦးသားအတူ တူတက်လေ့ရှိ ကြပါ တယ်။ ဒီအပေါ်မှာလည်း သူရိယက

“အမြဲအတူတူတက်ဖြစ်တာကတအားချစ်ကြလို့ ပေါ့လေ။ ဘယ်လို ပဲဖြစ်ဖြစ် အလုပ်အားတဲ့အချိန်ဆိုရင် သူ့နားကိုပဲသွားချင်တယ်။ မုန့်သွားစားမယ်ဆိုရင်လည်း စုစုရေ သွားရ အောင်ဆိုပြီး သွားကြတာပဲ။ အမြဲ တမ်း တွေ့ ချင်နေတယ်။ တစ်ခါ တလေနယ်တွေသွားရ ရင်တောင် သူ့ကို တွေ့ချင်လို့ ပြန်လာတာ မျိုးတွေရှိတယ်။ နှစ်ဖက်မိဘတွေကလည်း ဘယ်လိုမှတော့မထင်တော့ပါဘူး။ ကျွန်တော် တို့တွေလည်း အသက်အရွယ်ရနေပြီလေ။ ကလေးလေးတွေ လည်းမဟုတ်တော့ဘူး လေ” လို့ပြောပြပါတယ်။

ချစ်သူသက်တမ်း လည်း ကြာသင့်သလောက် ကြာနေပြီဖြစ်တဲ့အတွက် အိမ်ထောင်ပြုဖို့အတွက်ကိုလည်း မေးဖြစ်တဲ့ အခါမှာတော့ သူက…

“အဲဒါကတော့ နောက်မှအေး အေးဆေးဆေးပြောပြပါ့မယ်။ သေချာပြီဆိုရင်ပြောပြပါ့မယ်”လို့ သူရိယ ကပြောပါတယ်။ ချစ်သူနှစ်ဦး ကြားမှာအချစ်တစ်ခု ခိုင်မြဲဖို့ဆိုတာ တစ်ဦး နဲ့တစ်ဦး Balance ညီနေဖို့ လိုတယ်လို့ သူရိယက သူ့ရဲ့ အမြင်ကိုပြောပြပါတယ်။

“နှစ်ယောက်စလုံးက နားလည်မှုပေးနိုင်ဖို့လိုတယ်။ ဒါပေမဲ့ အဲဒါကြီးကို နားလည်မှုမပေးနိုင်ဘူးဆိုရင်တော့တစ်ယောက်ပြိုကျ သွားမှာပဲ။ အဲဒီအတွက် အချစ်ဆိုတာ တည်မြဲတော့မှာမဟုတ်ဘူး” လို့ သူရိယ ကပြောပြပါတယ်။

 

လင်းအက္ခရာ

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here