“စုစုကသူ့ကိုယုံတယ်။ စုစုမမြင် ရတဲ့နေရာမှာ သူရှိနေတယ်ဆိုရင်တောင် သူ့ကိုယုံကြည်တယ်။ အဓိကတော့ စုစုတို့ချစ်ခြင်းကို ယုံကြည်မှုတွေ၊နားလည်မှုတွေနဲ့တည် ဆောက်ထားတာပါ” လို့ ချစ်သူသူရိယအပေါ် သူ့ရဲ့ ယုံကြည်မှု ကို ဆုအိမ့်စံက ပြောပြလာပါတယ်။ ချစ်သူတိုင်းမှာ သဝန်တို တာမျိုးကရှိတတ်ကြစမြဲဖြစ် တဲ့အတွက် သူတို့နှစ်ဦး ကြားမှာ လည်း သဝန်တိုတာမျိုးရှိတယ်လို့ သိရ ပါတယ်။ သူရိယကသဝန်ပိုတိုတတ် တယ်လို့ ပြောပြလာတဲ့ ဆုအိမ့်စံက…
“နှစ်ယောက်စလုံးကတော့ သဝန်တိုပါတယ်။ ဒါပေမဲ့ သူကသဝန်ပိုတိုတယ်။ တစ်ခါတလေကျ ရင် သူကတအား ဂယက်ထတယ် (ရယ်လျက်)။ ဒါပေမဲ့ တစ်ယောက် နဲ့ တစ်ယောက် စုစုမကြိုက် တာကိုလည်း သူသိသလို သူမကြိုက်တာ ကိုလည်း စုစုသိတယ်။ ဒါကြောင့် သူ မကြိုက်တာကိုလည်း စုစုမလုပ်သလို သူလည်းစုစုမကြိုက်တာကို မလုပ် ဘူး။ သူကတစ်ခါတလေ နယ်မှာရှုတင်သွားပြီးရိုက် ကူးရတာတွေရှိတယ်။ သူရှုတင်ပြီးပြီဆိုတာနဲ့ စုစုဆီဖုန်းချက်ချင်းဆက်တယ်။ အဲဒီတော့ သူ့ကို စုစုယုံတယ်။ စုစုမကြိုက်တာကို သူလုပ်မှာမဟုတ် ဘူးဆိုတာကိုပေါ့။ နှစ်ယောက်က အမြဲအဆက် အသွယ်ရှိတယ်” လို့ပြောပါတယ်။
အနုပညာ အလုပ်နဲ့ပတ်သက်လို့ကတော့ သဝန်တို မှုမရှိဘဲဒါ ကလည်း သူကိုယ်တိုင်ကလည်း အနုပညာရှင် တစ် ယောက်ဖြစ်နေတာကြောင့်ဖြစ်တယ်လို့ ဆုအိမ့် စုက ဆက်ပြောပါ တယ်။
“စုစုကအပြင်လူဆိုရင်တော့ တစ်မျိုးပေါ့လေ။ အပြင်လူဆိုရင်တော့ နားလည်ချင်မှနားလည်မှာ ပေါ့လေ။ ကိုယ်ကလည်းဒီအနုပညာအလုပ်လုပ် နေတဲ့အတွက်ကိုယ်ကလည်းဒါကိုနားလည် တယ်” လို့ ဆုအိမ့်စံကပြောပါတယ်။
လင်းအက္ခရာ
ဓာတ်ပုံ-အောင်ဇော်မင်း