ရွှေမှုံရတီကမိဘကိုလုပ်ကျွေးနေတဲ့ သူတစ်ယောက်ပါဇေရဲထက်

0
515

ဟာသကာရိုက်တာပဲဖြစ်ဖြစ်၊ ဒရာမာကာရိုက်တာပဲဖြစ်ဖြစ်၊ အချစ်၊ အလွမ်း၊ အနု၊ အကြမ်း ကာရိုက်တာမျိုးစုံကို ပီပြင်အောင် သရုပ် ဆောင်နိုင်သူကတော့ သရုပ်ဆောင် မင်းသား ဇေရဲထက်ပဲဖြစ် ပါတယ်။ အခုလက်ရှိရုံတင်ပြသလျက်ရှိတဲ့ ‘အဆိုတော်တွေ နေတဲ့ရွာ’ ရုပ်ရှင် ဇာတ်ကားကြီးမှာ ဇေရဲထက်က Rap ကိုတအားကြိုက်နှစ်သက်တဲ့ Rapper အရူးတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားရိုက်ကူးတုန်း က အဝတ်အစားပိုင်းနဲ့ပတ်သက်ပြီး တအား အဆဲခံရ၊ ဝေဖန်ခံရ၊ အပြောခံရတယ်လို့လည်း ပြောပြခဲ့ပါတယ်။ မြန်မာ ပြည်သိန်းတန်တို့နဲ့အတူတူ တွဲ ပြီးသရုပ်ဆောင်ရတော့ဘယ်လိုတွေ ခံစားရလဲ သူတို့ရဲ့ အနုပညာအရည် အချင်း အပေါ်ကိုကော ဘယ်လိုတွေ့ မြင်မိလဲဆိုတဲ့အပေါ်ကိုလည်း ဇေရဲထက်က….

“ဦးတို့ အန်တီတို့နဲ့က ဇာတ်ကားနှစ်ကား ရိုက်တယ်။ နှစ်ကားစလုံးမှာ ကျွန်တော်ပါတယ်။ ရေစက်လို့ထင်တယ်။ (ရယ်လျက်) ကျွန်တော် ‘ဖက်ရှင်’ ရုပ်ရှင် ဇာတ်ကားမှာလည်း အတူတူတွဲပြီး သရုပ်ဆောင်ရတယ်။ အစကတည်းက ဦးတို့ အန်တီတို့နဲ့ ရိုက်ရတာခက်ခက် ခဲခဲမရှိဘူး။ သူတို့က တအားရူးသွပ်တာ။ သရုပ် ဆောင်အချင်းချင်းဆိုတော့ နား လည်တာပေါ့ဗျာ။ အဆိုတော်တင် မဟုတ်ဘူး။ သရုပ်ဆောင်ပိုင်းမှာပါ တအား ရူးသွပ်တာ။ တအားကို အမှားနည်းပြီးတော့ တကယ်ကို လုပ်နိုင်တာကို တွေ့ရတယ်။ သူတို့တအား တော်တယ်။ လေးလည်း လေးစား တယ်။ ဂုဏ်ယူဖို့လည်း ကောင်းတယ်” လို့ ပြောပြခဲ့ ပါသေးတယ်။ရွှေမှုံ ရတီနဲ့ ရွှေထူးတို့ရဲ့ အချစ်ရေးနဲ့ပတ် သက်ပြီးတော့လည်း ပရိသတ်ကြီးက တအား စိတ်ဝင် စားနေ တယ်။ ရွှေမှုံရတီနဲ့ပတ်သက်ပြီးတော့ ဘယ်လိုတွေ မြင်မိလဲဆိုတဲ့အပေါ်ကို ဇေရဲထက်က “သူတို့ဝန်ခံမှသာလျှင် ဟုတ်တယ်လို့ လက်ခံရမှာလေ။ ကျွန်တော်တို့အနေနဲ့က သူတို့ VCD ရိုက်ကူးတာဆိုရင် VCD ရိုက်ကူးတယ်လို့ပဲ သတ်မှတ်ပေးပါ။ အကောင်းဘက်ကနေပဲ မြင်ပေးကြပါ။ အကောင်းဘက်ကနေ မြင်လိုက်တဲ့အခါကျရင် ဘာပဲဖြစ်ဖြစ် စိတ်ချမ်းသာတယ်။ သူ့ကို ကျွန်တော်တို့ပြောစရာမလိုဘူး။ သူတအား နားလည်တယ်။ သူသည် မကောင်း တာလည်း ဖြစ်မှာမဟုတ်ဘူး။ ဘာ ဖြစ်လို့လဲဆိုတော့ သူသည် မိဘကို လုပ်ကျွေးနေတဲ့ မိန်းကလေးတစ် ယောက်ဖြစ်တဲ့အတွက် မကောင်းတာ တော့ ဖြစ်မှာမဟုတ်ဘူး။ မကောင်းတာဆိုရင် သူ့ဘာသာသူ ပယ်ထုတ်သွားလိမ့်မယ်။ သူသည် မိသားစုကို လုပ်ကျွေးနေရတာဖြစ်တဲ့အတွက် သမ္မာဒေဝနတ်ကောင်းနတ်မြတ်တွေ က သူ့ကို မစမှာပါ။ ဘယ်တော့မှ မကောင်းတဲ့ ဘက်ရောက်သွားမှာ မဟုတ်ပါဘူး”လို့လည်း ပြောပြခဲ့ပါသေးတယ်။

ခိုင်ဝါဝင်း

၊ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here