အနုပညာလမ်းခရီးမှာ တိုက်ခိုက်မှုတွေအပြင် ခြိမ်းခြောက်မှုတွေပါခံခဲ့ရတဲ့ သရုပ်ဆောင် ပိုးကြာဖြူခင်

0
475

သရုပ်ဆောင် ပိုးကြာဖြူခင်က တော့ လက်ရှိ MRTV-4 မှာ ထုတ် လွှင့်ပြသလျက်ရှိတဲ့ ‘မိုးကောင်းကင် အိပ်မက်’ ရုပ်သံဇာတ်လမ်းတွဲနဲ့ ပရိ သတ်အသိအမှတ်ပြု ခံထားရသူပါ။ ဒီရုပ်သံဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး …

“မိုးကောင်းကင်အိပ်မက်ဇာတ် လမ်းတွဲ စတင်ရိုက်ကူးကတည်းက ပရိသတ်ရဲ့အားပေးမှုကို တအားမျှော် လင့်ခဲ့ပါတယ်။ မိုးကောင်းကင်အိပ် မက်တစ်ဖွဲ့သားလုံးလည်း အများကြီး ကြိုးစားထားပါတယ်။ အခုလည်း ပိုး ကြာဖြူခင်ဆိုတာ ပျောက်ပြီး ပရိ သတ်တွေက ဆိုင်းမိုင်လို့ ဇာတ် ကောင်နာမည်ကို ခေါ်ကြတော့ တအားလည်း ဝမ်းသာပါတယ်” လို့ ပိုးကြာဖြူခင်က ပြောပြခဲ့ပါတယ်။

သူကတော့ ‘မိုးကောင်းကင် အိပ်မက်’ ရုပ်သံဇာတ်လမ်းတွဲမှာ အ နုပညာခရီးလမ်းကို အတိုက်အခိုက် တွေကြားက မလျှော့သောဇွဲနဲ့ လေ ဆန်တိုးနေတဲ့ ဆိုင်းမိုင်အဖြစ် ပါဝင် သရုပ်ဆောင်ထားပါတယ်။ အပြင်မှာ ကိုယ်တိုင်လျှောက်လှမ်းနေရတဲ့ အနု ပညာခရီးလမ်းအကြောင်းကိုလည်း သရုပ်ဆောင် ပိုးကြာဖြူခင်က အခု လို ပြောပြခဲ့ပါတယ်။

“မိုးကောင်းကင်အိပ်မက်ရုပ်သံ ဇာတ်လမ်းတွဲထဲက ဆိုင်းမိုင်က အနု ပညာလောကမှာ အောင်မြင်ဖို့ အတွက် ကြိုးစားနေတဲ့အချိန်မှာ ဒီ လောက် အတိုက်အခိုက်တွေများတာ အပြင်မှာ တကယ်ဖြစ်နိုင်ပါ့မလားလို့ ပြောကြတာတွေရှိတယ်။ ဒါတွေက အပြင်မှာ တကယ်ရှိပါတယ်။ ညီမ ကိုယ်တိုင်လည်း ကြုံတွေ့ခဲ့ရပါတယ်။ ကိုယ့်ကို တိုက်ရိုက်မကောင်းကြံတာ မျိုးတွေရှိတယ်။ Facebook ကနေ တိုက်ခိုက်ကြတာတွေရှိတယ်။ အမျိုး မျိုးတိုက်ခိုက်ကြပါတယ်။ Miss ပြိုင် ပွဲတွေဝင်ရောက်ယှဉ်ပြိုင်တုန်းကဆိုလည်း ဆက်ပြီး မယှဉ်ပြိုင်နိုင်လောက် အောင် ခြိမ်းခြောက်တာမျိုးတွေ ကြုံ ခဲ့ရပါတယ်။ ဇာတ်လမ်းထဲက ဆိုင်း မိုင်နဲ့ ညီမနဲ့ နှိုင်းယှဉ်ရင် ညီမက အတိုက်အခိုက် ခံရတာ ပိုများပါတယ်။ ဒါပေမဲ့ အဲဒါ တွေကို စိတ်ထဲမှာ သိပ်မထားတော့ ဘူး။ ကိုယ်လုပ်စရာရှိတာကို အ ကောင်းဆုံးဖြစ်အောင်ပဲ လုပ်သွား တယ်။ အဲဒါကြောင့်လည်း ညီမ ဒီ အခြေအနေထိ ရောက်လာတယ်လို့ ထင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မှတ်မှတ်ရရ ဖြစ်နေတဲ့ တိုက်ခိုက်မှု တစ်ခုဆိုရင် …

“၂ဝ၁၄ ခုနှစ် Miss Universe ပြိုင်တုန်းကပေါ့။ အဲဒီတုန်းကဆိုရင် ညီမဝင်ပြိုင်မှာစိုးလို့ ဘယ်လို လာ ပြောလဲဆိုရင် သူကိုယ်တိုင်လည်း ဒီ ပြိုင်ပွဲဝင်ထဲကပဲတဲ့။ ညီမ ဝင်ပြိုင်ရင် တွေ့တဲ့နေရာမှာ မျက်နှာကို အက် စစ်နဲ့ပက်မယ်ဆိုပြီး တိုက်ခိုက်တာ။ Page မှာ တင်ထားတဲ့ကိုယ့်ပုံအောက် မှာခြိမ်းခြောက်တဲ့ပုံစံမျိုး Comment လာရေးတာပါ။ Account ကတော့ အတုပုံစံမျိုးပေါ့။ ပြောပုံဆိုပုံတွေက တအား ကြောက်ဖို့ကောင်းတယ်။ အခုချိန်ဆိုရင်တောင် အဲဒီလောက် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ တော် တော် ခံနိုင်ရည်ရှိခဲ့တာပဲလို့ ကိုယ့် ကိုယ်ကိုယ် တွေးမိတယ်” လို့လည်း ပိုးကြာဖြူခင်က ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here