ဂီတသက်တမ်း ၁၅နှစ် တိုင်ခဲ့ပေမယ့် အသစ်တစ်ယောက်လိုပါပဲဖြူဖြူကျော်သိန်း

0
224

ဂီတသက်တမ်း ၁၅နှစ်ပြည့်မှာ ဖြူဖြူကျော်သိန်း ကိုယ်တိုင်တွေးဖြစ်တာ က ကိုယ်ပိုင်သံစဉ် သီချင်း အပုဒ် ၆ဝကျော်ကနေ အပုဒ် ၁ဝဝရှိချင်တယ်ဆိုတဲ့ အတွေးပါပဲ။ ဒါပဲလေ။ Artist ဆိုတာ ကိုယ် ရောက်ရှိနေတဲ့ Level တစ်ခုမှာ ဘယ်တော့မှ ကျေနပ်နေတယ်ဆို တာမရှိတာပါပဲ။ အသစ်အသစ်တွေ ဖန်တီးချင်မိနေတယ်။ အနုပညာမှတ်တိုင် တွေတစ်တိုင်ပြီးတစ်တိုင် စိုက်ထူချင်နေတယ်။ ဂီတသက် တမ်း ၁၅နှစ် အတွင်း ဖြူဖြူကျော်သိန်းဆိုတာ အသစ်တစ် ယောက်ပါပဲလို့ ခံယူထား ကြောင်းလည်း သူကပြောပါတယ်။

“ဖြူဖြူ့ရဲ့ အနုပညာသက် တမ်းက ၁၅နှစ်ပြည့်သွားပြီ။ ၁၅နှစ် ပြည့်တဲ့နေ့မှာ ကိုယ်တွေးမိတာလေး တစ်ခုပေါ့နော်။ ကိုယ့်ကို ပရိသတ် တွေက ဟောင်းသွားပြီလို့မ ထင်သေးဘဲနဲ့ အသစ်တစ်ယောက် လိုပဲ သဲသဲလှုပ်ဆက်ပြီးအားပေးနေ တာကို တအားကျေးဇူးတင်တယ်။ အဲဒါနဲ့ ဆက်စပ်ပြီး ဆက်စဉ်းစား မိတာက အဲဒီလိုမျိုးလုပ်နိုင်တယ်ဆို တာက ပရိသတ်က ကိုယ့်ကို နေရာ လေးပေးထားလို့ရယ်၊ ပြီးတော့ ဘုရားကျေးဇူး၊ ကိုယ့်ရဲ့ ကြိုးစားမှု ရယ်မကဘဲနဲ့ ကိုယ့်ကို ပံ့ပိုးပေးကြတဲ့ ကိုယ့်ရဲ့ လုပ်ဖော် ကိုင်ဖက်တွေ၊ ကိုယ့်ကို စင်ပေါ်စတင်လာခဲ့တဲ့ IC အဖွဲ့ကနေစလို့ ပေါ့။ ကိုယ့်ရဲ့ထွက်သမျှ သီချင်းတိုင်းမှာ ပါဝင်ပံ့ပိုးပေးခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေကြောင့်ပါ” လို့ ဖြူဖြူကျော်သိန်းက ဆိုပါတယ်။

အမေရိကန်အဆိုတော် Lancifer နဲ့ ‘Storm’ ဆိုတဲ့ Mini Album ကို အောက်တိုဘာလထဲမှာ ထွက်ဖို့ရှိတယ်ဆိုတာကိုလည်း ဖြူဖြူကျော်သိန်းကပြောထားပြီးသားပါ။ ဖြူဖြူကျော်သိန်းက သူနဲ့ ပူးပေါင်း ဖန်တီးတဲ့ အနုပညာရှင်ဖြစ်ဖြစ်၊ ပရိသတ်ဖြစ်ဖြစ် လေး စားသမှုရှိလှပါတယ်။ူညေခင်နမ နဲ့တွဲဖက်အလုပ်လုပ်ဖြစ်တာက..

“၂ဝ၁၄ခုနှစ်မှာ ဖြူဖြူတို့ မဲဆောက်မှာ စဆုံတယ်။ ပြီးတော့ ၂ဝ၁၇နှစ်ကုန်လောက်မှာ သူတို့ဘက်ကပဲ စပြီးတော့ ဆက် သွယ်လာပြီး တော့ ဖြူဖြူနဲ့ သီချင်းတစ်ပုဒ်လောက် Collaboration လုပ်ချင်တယ်ပေါ့နော်။ အဲဒီမှာ ဖြူဖြူကနေပြီး တော့ သူတို့နဲ့အလုပ်လုပ်ကိုင်ဖြစ်တဲ့ အချက်ကတော့ ၃ချက်ရှိတယ်။ ပထမကတော့ သူတို့ရဲ့ မြူးဇစ်အမျိုးအစား၊ သူတို့ ဖန်တီးတာကို သဘောကျတယ်။ နောက်တစ်ချက် က သူတို့ရဲ့သီချင်းမှာ ဖရုဿဝါစာ၊ ဆဲရေးတိုင်းထွာတာ တွေ လုံးဝမပါဘူး။ အဲဒါကိုသဘောကျတယ်။ နောက် တတိယ တစ်ချက်က သူတို့ရဲ့ Music Video တွေက Sexualization ပေါ့နော်။ အဲဒါမျိုးကို မလုပ်ဘူး။ အဲဒါကို တအားသဘောကျတယ်။ အဲဒါကြောင့် သူတို့နဲ့ အတူလုပ်ကိုင်ဖြစ်ပါတယ်။ သူတို့ဘက် ကလည်း ကိုယ်နဲ့ အနုပညာပိုင်းရော၊ စိတ်ကူးစိတ်သန်းပိုင်းရော တော်တော် လေးတူညီတဲ့အတွက် ဖြူဖြူတို့အ တူတူလုပ်လုပ်ဖြစ်ပါတယ်” လို့ ဖြူဖြူကျော်သိန်းကပြော ပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here