တစ်ကိုယ်တော်အခွေကအဆို တော်တစ်ယောက်ရဲ့ ဘဝမှတ်တိုင်လို့ ယူဆထားသူအဆိုတော်ဇွဲပြည့်

0
159

အဆိုတော် ဇွဲပြည့်ဟာ လတ် တလောမှာ ထွက်ရှိထားတဲ့ အဆို တော်ဖိုးပြည့်ရဲ့ ‘မင်းသားကြီး’ တေး စီးရီးမှာ ‘အိပ်မက်လှလှမက်ပါစေ’ သီချင်းကို ဖြိုးပြည့်စုံ၊ ဖိုးပြည့်တို့နဲ့ အတူ Featuring ပါဝင်သီဆိုထားပါ တယ်။ သူကတော့ ‘အပြည်ပြည်ဆိုင် ရာ အသည်းကွဲသောနေ့’၊ ‘ခိုလှုံရာ’ စတဲ့ တေးစီးရီးနှစ်ခွေ ထွက်ရှိထားပြီး နောက် လက်ရှိမှာ ‘အားကိုးပါ’လို့ အမည်ပေးထားတဲ့ တတိယမြောက် တေးစီးရီးခွေထွက်ဖြစ်ဖို့လည်း စီစဉ် နေ ပါတယ်။ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဇွဲပြည့်က…

“အိပ်မက် လှ လှမက်ပါစေ သီချင်းကတော့ ညအိပ် ခါနီးမှာ နားထောင်ရင် အိပ်မက်လှ လှမက်ဖို့ ဆုတောင်းပေးတဲ့ သီချင်း ပုံစံလေးပါ။ တောင်းဆုခြွေတဲ့ သီ ချင်းလေးဆိုတော့ အေးအေးလေးနဲ့ ချစ်စရာလေးပါ။ ကျွန်တော် အခု အားကိုးပါလို့ အမည်ပေးထားတဲ့ တတိယမြောက် တစ်ကိုယ်တော် စီး ရီးခွေလေးလည်း ပြုလုပ်နေပါတယ်။ သီချင်း ကတော့ အားလုံးပေါင်း ၁ဝ ပုဒ် လောက်ပါဖို့ မှန်းထားပါတယ်။ သီ ချင်းတွေကတော့ လူငယ်ပုံစံလေး တွေ များပါမယ်။ ၈ဝ ရာခိုင်နှုန်း လောက်ပြီး နေပါပြီ။ ပြန်ဆိုတေးတွေ ကတော့ ဒီအခွေမှာ မပါတော့ဘူးလို့ စဉ်းစားထားတယ်။ဒါပေမဲ့အဓိပ္ပာယ် ရှိသောလူ သီချင်းရယ် သူသတိရရ မရရ သီချင်းရယ် နှစ်ပုဒ်ဆိုထားတာ တော့ ရှိတယ်။ ထည့်ဖြစ်မယ်၊ မထည့် ဖြစ်ဘူးဆိုတာတော့ စဉ်းစားနေတုန်း ပါပဲ။ ၁ဝ လပိုင်း၊ ၁၁ လပိုင်းလောက် ထွက်ဖြစ်မယ်လို့တော့ မှန်းထားပါ တယ်။ ဒီအခွေထဲက သီချင်း ၅ ပုဒ် လောက်ကတော့ ပရိသတ်ရင်ထဲကို တိုက်ရိုက်ငြိမယ့် သီချင်းတွေဖြစ် လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” လို့ ပြောပါတယ်။

အဆိုတော်တွေအနေနဲ့ တစ် ကိုယ်တော် စီးရီးခွေထုတ်ကြတဲ့အခါ အရှုံးပေါ်တဲ့ပြဿနာကြောင့် Single Song တွေ ပြုလုပ်ကြတာ တာလည်း ခေတ်တစ်ခေတ်ဖြစ်နေပါ တယ်။ တစ်ကိုယ်တော်အခွေကတော့ အဆိုတော်တစ်ယောက်အတွက် ဘဝ မှတ်တိုင်ပါလို့ဆိုတဲ့ ဇွဲပြည့်က …

” Single Song ထွက်တာက တော့ ထွက်လို့ရပါတယ်။ Single Song ကတော့ ကိုယ်လုပ်ချင်တာကို တစ်ခါတည်း မြန်မြန်ဆန်ဆန် လုပ် ပြီး ပရိသတ်ဆီအရောက်ပို့လို့ ရတာ ပေါ့။ ဒါပေမဲ့ ကျွန်တော်ယူဆထားတဲ့ အဆိုတော်တစ်ယောက်ရဲ့ ဘဝမှတ် တိုင်ကတော့ တစ်ကိုယ်တော်အခွေ ပေါ့။ အဲဒါကြောင့် ကျွန်တော်က တစ်ကိုယ်တော်အခွေထွက်တာကိုပဲ အားထားမိပါတယ်။ တစ်ကိုယ်တော် အခွေထွက်ဖို့ပဲ ပိုပြီးကြိုးစားမိပါ တယ်။ Single Song တွေလည်း မထုတ်ဘူးတော့ မဟုတ်ဘူး။ ထုတ် မယ်။ ပရိသတ်နဲ့ အဆက်အသွယ် မပြတ်အောင် Single Song တွေ လည်း ပြုလုပ်သွားမယ်။ တစ်ကိုယ် တော်အခွေတွေ ထွက်ဖို့လည်း လုပ် သွားပါမယ်” လို့ ပြောပြပါတယ်။

သူကတော့ လက်ရှိမှာ ချစ်သူနဲ့ အေးအေးဆေးဆေး ဖြတ်သန်းနေပြီး အချိန်တန်ရင် ချစ်သူကောင်မလေး ကို ပရိသတ်နဲ့ မိတ်ဆက်ပေးသွား မှာဖြစ်ကြောင်းလည်း ပြောပြခဲ့ပါ သေးတယ်။

ဇော်ဝင်းအောင်၊

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here