အဆိုတော် စည်သူဝင်း ရဲ့ ဒုတိယမြောက် တေးစီးရီး ‘မင်းရှိရာသို့

0
223

အဆိုတော် စည်သူဝင်းရဲ့ ဒုတိ ယမြောက်တေးစီးရီးဖြစ်တဲ့ ‘မင်းရှိရာ သို့’ တေးစီးရီးသစ် မိတ်ဆက်ပွဲကို သြဂုတ်လ ၂၃ ရက်နေ့က ရန်ကုန်မြို့၊ Orchid Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါ တယ်။ အဆိုပါတေးစီးရီးနဲ့ ပတ်သက် ပြီး အဆိုတော် စည်သူဝင်းက အခုလို ပြောပါတယ်။

“ဒီတေးစီးရီးကတော့ ကျွန် တော့်ရဲ့ ဒုတိယမြောက်တေးစီးရီးပါ။ သီချင်းအားလုံး ၁၂ ပုဒ် ပါဝင်ပါ တယ်။Featuring အနေနဲ့ ကတော့ အရိုး၊ ဒိုးပတ်၊ နေလုံး၊ ကောင်လေး၊ မေသင်ချိုဆွေတို့ ပါဝင်သီဆိုထားပါ တယ်။ သီချင်းတွေကတော့ ပေါ့ပ် သီချင်းအမျိုးအစားတွေ များပါတယ်။ တေးရေးဆရာတွေကတော့ ကိုအရိုး၊ ဒိုးပတ်၊ ကောင်လေး၊ နေလုံးတို့ပါ။ ပြီးတော့ ကျွန်တော်ကိုယ်တိုင် ရေး စပ်ထားတဲ့ သီချင်းတွေလည်း ပါ တယ်။ ဒီအခွေကိုတော့ နှစ်နှစ် လောက် အချိန်ယူပြီး ကြိုးစားထား ပါတယ်” လို့ စည်သူဝင်းက ပြောပြခဲ့ ပါတယ်။

‘မင်းရှိရာသို့’ တေးစီးရီးကို သြဂုတ်လ ၁၆ ရက်နေ့မှာ MMN ကနေ တစ်ပြည်လုံးကို ဖြန့်ချိထားပါ တယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here