မြန်မာနိုင်ငံက အနုပညာရှင်တွေနတွဲဖက် သရုပ်ဆောင်ရတဲာ့ပျော်ဖို့ ကောင်းပါတယ် ထိုင်းမင်းသမီး ပတ်ချာရာ တူသောင်

0
360

ထိုင်းမင်းသမီး ပတ်ချာရာတူ သောင်က နာနာဘာဝ ချစ်သူ ရုပ်ရှင် ဇာတ်ကားမှာ ဟာသ သရုပ်ဆောင် ဗေလုဝနဲ့အတူ တွဲဖက် သရုပ်ဆောင် ခဲ့ပါတယ်။ ပတ်ချာရာ တူသောင် အနေနဲ့ ထိုင်းနိုင်ငံမှာ ဇာတ်ကားရိုက်ကူးမှု အတွေ့ အကြုံ နည်းသေးပေမယ့် လည်း နာနာဘာဝချစ်သူ ရုပ်ရှင် ဇာတ်ကားမှာတော့ သူ့ရဲ့ ကာရိုက်တာကို ပီပြင်စွာ သရုပ် ဆောင်သွားနိုင်ခဲ့တာ တွေ့ရပါတယ်။ မြန်မာနိုင်ငံနဲ့ ပထမဦးဆုံး လက်တွဲ တဲ့ ဇာတ်ကားမှာ သူရရှိခဲ့တဲ့ အတွေ့ အကြုံနဲ့ ပတ်သက်ပြီး ပတ်ချာရာတူ သောင်က…

“မြန်မာပြည်မှာ ရိုက်ကူးတဲ့ ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကား ဖြစ်တဲ့အတွက် တအားရင်ခုန်ဖို့ကောင်း ပါတယ်။ ဟာသ ဇာတ်ကား ရိုက်ကူး ရတာဖြစ်တဲ့အတွက် ပျော်စရာလည်း ကောင်းတယ်။ အတွေ့အကြုံတွေလည်း အများကြီးရပါတယ်။ အခက် အခဲရယ်လို့ သိပ်မရှိခဲ့ပါဘူး။ ဒါရိုက်တာ ပြောတဲ့အတိုင်းပဲ ပီပြင်အောင် သရုပ်ဆောင်ခဲ့တာပါ။ ဦးဗေက စိတ်ထဲရှိတဲ့အတိုင်း သဘာဝအတိုင်း သရုပ်ဆောင်နိုင်ပါတယ်။ ကျွန်မသ ရုပ်မဆောင်တတ်တဲ့ အခါတွေမှာလည်း သူကသင်ပြပေးပါတယ်” လို့ ဗေလုဝရဲ့ သရုပ်ဆောင်မှုအပေါ် သူ့ ရဲ့အမြင်ကိုလည်း ပြောပြခဲ့ပါတယ်။ မြန်မာနိုင်ငံက အနုပညာရှင်တွေနဲ့ တွဲဖက်သရုပ်ဆောင်တဲ့အခါ မှာ ပျော်စရာကောင်းပါတယ်လို့ဆိုတဲ့ ပတ်ချာရာတူသောင်က…

“ရုပ်ရှင်ရိုက်ကူးတဲ့အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက်စကား ပြောရတာ နားမလည်ပေမယ့် လက်ဟန်ခြေဟန်နဲ့ စကားပြောရတာ အဆင်ပြေတယ်။ တစ်ခါတလေကျရင် အင်္ဂလိပ်လိုပြော တယ်။ ရုပ်ရှင်ရိုက်ကူးပြီးတဲ့အချိန်မှာ အားလုံးနဲ့ သူငယ်ချင်းလိုပဲနေတာဆိုတော့ပျော်ဖို့ ကောင်းပါတယ်” လို့ ပြောပါတယ်။ ဒီဇာတ်ကား တခြားသရဲ ဇာတ်ကားတွေနဲ့ မတူဘဲရသစုံ ပေး နိုင်တဲ့ ဇာတ်ကားမို့ ပရိသတ်တွေကို လာရောက်ကြည့်ရှုစေချင်တယ်လို့လည်း ပြောပါတယ်။

ပတ်ချာရာတူသောင် အနေနဲ့ မြန်မာနိုင်ငံမှာ ဇာတ်ကားတွေထပ်မံ ရိုက်ကူးဖို့ လက်ခံထားတာ မရှိ သေးပေမယ့် ဒီဇာတ်ကားကိုကြည့်ပြီး ဒါရိုက်တာတွေ၊ ထုတ်လုပ်သူ တွေက သဘောကျပြီး ကမ်းလှမ်းခဲ့မယ် ဆို ရင်တော့ လက်ခံရိုက်ကူးသွားမှာပါ။ မြန်မာနိုင်ငံကို ၄ကြိမ်လောက် လာရောက်ခဲ့ဖူးပြီး ပြင်ဦးလွင်မြို့မှာ နေထိုင်ရတာကို သဘောကျ နှစ်သက်မိတယ်လို့ ပြောပါတယ်။ ထိုင်းမင်း သမီးလေးက သူ့ကို ချစ်ခွင့်ပန်ထားသူတွေ ရှိပေမယ့်လည်း လော လောဆယ်မှာတော့ ချစ်သူ မရှိသေး ပါဘူး။ အရင်တုန်းကတော့ ချောမော တဲ့ယောက်ျားတွေ ကို သဘောကျနှစ် သက်ပေမယ့် အသက်ကြီးလာတဲ့ အချိန်မှာတော့ သူ့အပေါ်နားလည်တဲ့ သူကိုပဲ ရွေးချယ်သွားမှာပါလို့ဆိုပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- အေးဇော်မိုး(စက်မှု)


LEAVE A REPLY

Please enter your comment!
Please enter your name here