မအေးသောင်းကို ချစ်ကြောက်ရိုသေတယ်ဆိုတဲ့ Russell

0
334

‘ည’ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ် အားပေးမှုရရှိလာသူကတော့ Russell ပဲဖြစ်ပါတယ်။ အိပ်မက်ဆုံရာ ပြိုင်ပွဲ ကနေတစ်ဆင့် အနုပညာလောကထဲ ဝင်ရောက်လာပြီး သရုပ်ဆောင်ပိုင်း မှာသာမက MC အဖြစ်ပါ ဆောင် ရွက်နေတဲ့ အနုပညာရှင်တစ်ယောက် တည်းဖြစ်ပါတယ်။ လက်ရှိမှာ ‘မျက် နှာဖုံးများ’ ရုပ်ရှင်ဇာတ်ကားကြီးမှာ မင်းဦး၊ ကျော်ထက်အောင်၊ အောင် ရဲထိုက်၊ အေးဝတ်ရည်သောင်း၊ စိုး ပြည့်သဇင်၊ အိချောပို၊ မြနှင်းရည် လွင်တို့နဲ့အတူ သရုပ်ဆောင်ထား ပါတယ်။ ‘မျက်နှာဖုံးများ’ ရုပ်ရှင် ဇာတ်ကားကြီးမှာ ဘယ်လိုကာရိုက် တာကနေ သရုပ်ဆောင်ထားလဲ၊ ကိုယ်သရုပ်ဆောင် ထားတဲ့အပေါ် ကော ကျေနပ်အားရမှုရှိလားဆိုတာ ကို Russell က ‘ကျွန်တော်က ဒီ ရုပ်ရှင်ဇာတ်ကားကြီးမှာ ဂျစ်ကန် ကန်၊ အပြင်က ပုံစံအတိုင်း မဟုတ် ဘဲနဲ့ ဆိုးတယ်။ သောင်းကျန်း တယ်။ တွဲရတာက မအေးသောင်း (အေး ဝတ်ရည်သောင်း)နဲ့ဆိုတော့ နည်း နည်းတော့ တာဝန်ကြီးတယ်။ ဒီ ဇာတ်ကားက ဒရာမာကားလည်းဖြစ် တော့ သရုပ်ဆောင်ရတာ ကျေနပ် အားရမှုရှိပါတယ်”လို့လည်း ပြောပြ ခဲ့ပါတယ်။

ကိုယ့်ထက်ဝါရင့်တဲ့ သရုပ် ဆောင်ကြီးတွေဆီက ဘယ်လိုတွေ သင်ယူခဲ့လဲ။ မအေးသောင်းနဲ့ တွဲပြီး သရုပ်ဆောင်ရတာဆိုတော့ ဘယ်လို မျိုး လိုက်ဖက်ညီအောင် သရုပ်ဆောင် ဖြစ်ခဲ့လဲဆိုတဲ့အပေါ်ကို Russell က ဒီ ‘မျက်နှာဖုံးများ’ ရုပ်ရှင်ဇာတ်ကား မှာ သရုပ်ဆောင်ရတာ ပညာတွေ အများကြီးရခဲ့တယ်။ မအေးသောင်း က တစ်နိုင်ငံလုံးရဲ့ အသည်းကျော်ဆို တော့ သရုပ်ဆောင်ရတာ မျက်ခုံး တလှုပ်လှုပ်ပဲ။ သူ့ကို ချစ်လည်း ချစ် တယ်။ ရှိန်လည်း ရှိန်တယ်။ မအေး သောင်းက ရိုက်ကွင်းမှာ ဘယ်လို လေး သရုပ်ဆောင်၊ ဘယ်လို mood ထည့်ဆိုတာကို ပြောပြတယ်။ သူက Senior လည်း ဖြစ်တယ်။ အခုလည်း တအားကို အောင်မြင်နေတယ်ဆို တော့ သူ့ကို ကျွန်တော် ချစ်ကြောက် ရိုသေရတယ်။ I Love You မအေး သောင်း’လို့လည်း ပြောပါတယ်။ သရုပ်ဆောင်၊ အဆိုတော်၊ MC အနုပညာအလုပ်တွေထဲမှာ ဘယ် အနုပညာအလုပ်ဘက်ကို ဦးတည် လုပ်ကိုင်သွားဖြစ်မလဲ။ ငယ်ငယ်လေး ကတည်းက ဖြစ်ချင်တဲ့ ကိုယ့်အိပ် မက်နဲ့ ထပ်တူကျရဲ့လား ဆိုတာကို Russell က….

”အနုပညာအလုပ်ကို တော့ လုပ်လို့ရသလောက် အကုန် လုပ်နိုင်တဲ့နေရာကနေ လုပ်ချင် တယ်။ ကျွန်တော်က အလုပ်ကို ရွေးချယ်သွားတာ မဟုတ်ဘူး။ အလုပ်က ကျွန်တော့်ကို ရွေးချယ် သွားတာ။ ငယ်ငယ်လေးကတည်းက BBC တို့ CNN တို့မှာ MC ဖြစ်ချင် ခဲ့တာ။ အခွင့်အရေးရတော့လည်း ပျော်လို့ဆက်လုပ်ဖြစ်နေတယ်။ ၂ဝ၁၅ ကလည်း MC လုပ်ဖြစ်တာ ဆိုတော့ အခုဆို ၃ နှစ်ကျော်သွားပြီ ကျွန်တော်တတ်နိုင်၊ လုပ်နိုင်တဲ့နေရာ ကနေ အနုပညာအလုပ်တွေကို အကောင်းဆုံး ကြိုးစားပြီး လုပ်သွား မှာပါ”လို့ ပြောပြခဲ့ပါတယ်။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here