အသားအရေနဲ့ပတ်သက်ပြီး ဘယ်လိုထိန်းသိမ်းမှုတွေ ပြုလုပ်နေဖြစ်လဲ အိချောပို

0
470

သရုပ်ဆောင် အိချောပိုကတော့ လတ်တလောမှာ ရုပ်ရှင်ဇာတ်ကား ကြီးတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေပြီး ခရီးတွေလည်း ဆက်တိုက်ထွက်နေရ တဲ့အတွက် ကိုယ့်ရဲ့အသားအရေနဲ့ ပတ် သက်ပြီး ဘယ်လိုမျိုးထိန်းသိမ်းဖြစ်နေလဲ လို့ မေးကြည့်တဲ့အခါမှာတော့ အိချောပိုက…

”ဆရာအောင်သီဟဆီမှာ အမြဲတမ်း skin care treatment တွေလုပ်ဖြစ်တယ်။ အိချောက အလက်ဂျစ်ထွက်တတ်တယ်။ နယ်သွားပြီးပြီဆိုရင် မျက်နှာက အလက်ဂျစ်တွေ ထွက်လာကော။ အဲဒီလိုအသား ခြောက် ပြီ ဆို အဖုလေးတွေ၊ အလက်ဂျစ်တွေ ထွက်လာပြီ။ အဲဒီတော့ နယ်ကနေ ပြန်လာရင် ဆရာ့ဆီပြေးရတယ်။ ဆရာက ကုသမှုတွေ လုပ်ပေးတယ်။ မန္တလေးရောက်ပြီဆိုလည်း မနှင်းဆီမှာ ကုသမှုတွေလုပ်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အိချောတို့က နယ်တွေ တောက်လျှောက်ထွက်တယ်။ ပြီးတော့ မီးထိုး၊ မှန်ထိုး၊ ဒဏ်တွေ၊ နေထိုးဒဏ်တွေ ခံရတော့ အသားအရေ sensitive ဖြစ်တဲ့ skin ကျတော့ ထိတာနဲ့ကို မရဘူးလေ။ အိချောတို့ကျ တော့ အသားဖြူမှရယ် ညိုမှရယ် မဟုတ်ဘူးလေ။ sensitive ဖြစ်တဲ့ skin ကျတော့ နည်းနည်းလေး ထိခိုက်သွားပြီ လေတွေ၊ ဖုန်တွေ အဲဒါမျိုးတွေ ထိပြီဆိုတာနဲ့ ဗျင်လိုက် အလက်ဂျစ်တွေ ထွက်လာတယ်။ အဲဒီအချိန် ကျရင် အိချောက ဆရာ့ဆီအမြဲပြေးတယ်။ ပြီးရင် ကုသမှုတွေ ခံယူရတယ်။ အဲဒီအတွက်တော့ အမြဲတမ်း skin care ကို ဂရုစိုက်ဖြစ်ပါတယ်။ ဆရာက နှုတ်ခမ်းလေး Filler စမ်းထိုး ကြည့်ပါလားဆိုတာ အဲဒါနဲ့ Filler စမ်းထိုးကြည့်လိုက်တာပါ။ Filler ကတော့ ခဏပဲခံတာပါ။ အသေခွဲစိတ် ပြုပြင်တာမျိုးတော့မဟုတ် ပါဘူး” ဆိုပြီး ပြောပါတယ်။

လတ်တလောမှာတော့ သရုပ်ဆောင် အိချောပိုက မြန်မာနဲ့ ထိုင်းနိုင်ငံက အနုပညာရှင်တွေ ပူးပေါင်းရိုက်ကူးတဲ့ Lady Boy ရုပ်ရှင်ဇာတ်ကားကြီးမှာ ပြေတီဦး၊ ကျော်ကျော်ဗိုတို့နဲ့အတူ ပါဝင်သရုပ်ဆောင်တယ်လို့ သိရပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here