အမေရိကရောက်နေတဲ့ မိဘတွေမရှိဘဲ မွေးနေ့ပွဲ ကျင်းပရခြင်းအကြောင်း စိုးမြတ်သူဇာပြောပြ

0
158

အနုပညာလောကမှာ ယနေ့ထက်တိုင် နုပျိုလှပနေဆဲဖြစ်တဲ့ စွယ်စုံရ သရုပ်ဆောင် မင်းသမီးကတော့ စိုးမြတ်သူဇာပဲဖြစ်ပါတယ်။ အသက်အရွယ်နဲ့ မလိုက်ဖက်လောက်အောင် ပျိုမျစ်လှပနေဆဲဖြစ်တဲ့ သူမဟာ သြဂုတ်လ ၃၁ ရက်နေ့မှာတော့ ၄၇ နှစ် ပြည့်မြောက်သွားခဲ့ပြီဖြစ်ပါတယ်။ ဖြတ်သန်းခဲ့တဲ့ မွေးနေ့တွေထဲမှာ ဘယ်နှစ်က မွေးနေ့ကိုမှတ်မှတ်ရရ ရှိခဲ့လဲ။ မွေးနေ့နဲ့ ပတ်သက်ပြီး ထူးထူးခြားခြားပြုလုပ်ဖြစ်တာလေးတွေကို မေးကြည့်တဲ့အခါမှာ တော့…

“မကြီး ဖြတ်သန်းခဲ့တဲ့ မွေးနေ့တိုင်းကို ပျော်ပါတယ်။ နှစ်တိုင်းလည်း ပျော်ပါတယ်။ မွေးနေ့ရယ်လို့ ထူးထူးခြားခြား မလုပ်ဖြစ်ဘူး။ ဒီနှစ်ကလည်း ယောက်ယက်ခတ်နေတာ။ ဟိုပြေး ဒီပြေးနဲ့။ မနက်က မကြီး နှစ်စဉ်နှစ်တိုင်း မပျက်မကွက်လှူနေကျ မနက်အရုဏ်ဆွမ်းကို သံဃာတော်တွေနဲ့ သီလရှင်တွေ အတွက် လှူဒါန်းခဲ့တယ်”လို့ စိုးမြတ်သူဇာက ပြောပြခဲ့ပါတယ်။

မွေးနေ့မှာ ကျေးဇူးတင်ချင်ဆုံး ကကော ဘယ်သူတွေဖြစ်မလဲ။ မွေးနေ့နဲ့ ပတ်သက်ပြီး မျှော်လင့်မိတဲ့ အရာကကော ဘာဖြစ်မလဲဆိုတာကို…

“မွေးနေ့ ရောက်တိုင်း ကျေးဇူးတင်သင့်၊ ကျေးဇူးတင်ချင်တာကတော့ မကြီး မိဘတွေပဲ ရှိတာပေါ့။ မကြီးက အများကြီးမျှော်မှန်းထားတာလို့ မျှော်လင့်ထားတာတို့ သိပ်မရှိဘူး။ မကြီးမိသားစုနဲ့ အဆင်ပြေတယ်။ မောင်တွေ၊ ညီမတွေ၊ တူတွေ၊ တူမ တွေ မကြီးအနားမှာ အကုန်အတူတူ ရှိနေတယ်။ အဲဒါမကြီးအတွက် ကျေ နပ်စရာပါ။ ဒီနှစ်မွေးနေ့မှာတော့ မကြီးအဖေနဲ့ အမေမရှိဘူး။ သူတို့တွေ က အခုအမေရိကကို သွားနေကြတယ်။ မွေးနေ့ပြီးမှ သွားပါဆိုတာ မရဘူး။ သွားကြတယ်။ ဟိုမှာက မောင်လေးရှိတော့။ အမေက မောင်လေးနဲ့ မတွေ့တာ က အနှစ် ၂ဝ နီး ပါးရှိနေပြီဆိုတော့ သူ့သားကိုတွေ့ချင်တယ်။ ဗီဇာလည်း မြန် မြန်ဆန်ဆန်ရလိုက်တော့ မွေးနေ့ပွဲကို သူတို့ မစောင့်လိုက်နိုင်ဘူး။ ဒါပေမဲ့ ဟိုကနေတော့ သူတို့တွေ Birthday Wish လုပ်ပေးကြပါတယ်”လို့ စိုးမြတ် သူဇာက ပြောပြခဲ့ပါသေးတယ်။ သြဂုတ်လ ၃၁ ရက်နေ့ ညပိုင်းမှာတော့ ရွှေတိဂုံ ဘုရားမှာ သူ့ကိုချစ်တဲ့ ပရိသတ်တွေ၊ အနုပညာမောင်နှမတွေ၊ ညီအစ်မတွေ၊ တူမတွေနဲ့ ဆီမီးတစ်ထောင် ထွန်းညှိလှူဒါန်းခဲ့ပါသေးတယ်။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here