အသစ် တစ်ယောက် အနေနဲ့ ဘယ်လို ကာရိုက်တာမျိုးမဆို သရုပ်ဆောင် ကြည့်ချင်တယ် ညိမ်းသော်

0
258


ဆံပင်ပုံစံပြောင်းမယ်၊ ပြောင်းမယ်နဲ့ စဉ်းစားရင်း၊ စဉ်းစားရင်း အလုပ်ကိစ္စအတွက်ရော၊ ပရိသတ်ကို ပုံစံတစ်မျိုးနဲ့ မြင်စေချင်တဲ့အတွက် ဆံပင်အရောင်ဆိုးဖြစ်သွားတယ်လို့ သူနဲ့ တွေ့ဆုံခိုက် ညိမ်းသော်က ပြောပါတယ်။ ညိမ်းသော်တို့လို မော်ဒယ်လ်မင်းသားတွေက ခန္ဓာကိုယ်၊ အသားအရေ ခြေအစ၊ ခေါင်း အဆုံး တော်တော်လေး ဂရုစိုက်ရတယ် နော်လို့ဆိုတော့…

“ဂရုစိုက်ရတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ နေပူထဲသွား ပြီဆိုရင်တောင် အသားမည်းသွားပြန်ပြီဆိုပြီး တအားဂရုစိုက်ရတယ်။ အရင်တုန်းက အနုပညာအလုပ် မလုပ်ခင်တုန်းကဆိုရင် လွတ် လွတ်လပ်လပ်ပဲ။ ကြိုက်တာစား၊ ကြိုက်တာသွားပဲ။ အခု ဆိုရင် တော်ရုံတန်ရုံလည်း မစားရဲတော့ဘူး။ ဆင်ခြင်ရ တယ်။ ဝလာမှာတို့၊ မျက်နှာမှာ ဝက်ခြံတွေ ထွက်လာမှာတို့ အဲဒီလိုမျိုးပေါ့။ တစ်ခါတလေကျတော့ သာမန်ယောက်ျား လေးတစ်ယောက်ရဲ့ Life ကို ကြိုက်တယ်။ ပြန်သတိရ တယ်။ အခုကကျတော့ ကိုယ့်ရဲ့ ဝါသနာအရ ကြိုးစားရ တယ်။ ပြင်ဆင်ရတယ်။ အများကြီးဂရုစိုက်ရပါတယ်” လို့ ညိမ်းသော်က ပြောပါတယ်။

‘ည’ ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်တွေသိပြီး ကိုယ်ကလည်း ကြိုးစားထားပြီးပြီဆိုတော့ နောက် ထပ်ဇာတ်ကားတွေက ဒါရိုက်တာ ထူးပိုင်ဇော်ဦးနဲ့ပဲ ရိုက်ကူးဖြစ်မှာလား၊ ကာရိုက်တာတွေရော ရွေးချယ် လို့ ရပြီလားစတဲ့ လှုပ်ရှားမှုတွေအကြောင်း ညိမ်း သော်ကိုမေးတဲ့အခါ…

“ဇာတ်ကားရိုက်ကူးတာ ကတော့ မရှိသေးဘူး။ ပြောထားတာတွေပဲ ရှိသေးတာ။ ကျွန်တော် ကြော်ငြာပဲ ရိုက်ကူးဖြစ်နေတာများတယ်။ နောက်လဆိုရင် ဘန်ကောက်မှာ ကြော်ငြာသွားရောက် ရိုက်ကူးဖို့ ရှိပါသေးတယ်။ ကားရိုက်ကတော့ ကျွန်တော် က အသစ်ပဲရှိသေးတယ်။ ကျွန်တော့်လို အသစ်တစ် ယောက်အနေနဲ့ ဘယ်လိုကာရိုက်တာမျိုးမဆို သရုပ်ဆောင် ကြည့်ချင်တယ်။ ကျွန်တော့်အတွက် ခက်ခဲမယ်ဆိုတဲ့အရာတွေ ကို ကျွန်တော်ကျော်ဖြတ်ချင်တယ်။ အများကြီး သရုပ်ဆောင် ကြည့်ချင်သေးတယ်။ ကျွန်တော်ကတော့ ကိုထူးပိုင်တို့နဲ့ စာချုပ်ချုပ် ထားတာဆိုတော့ သူတို့နဲ့ နောက်ထပ်ဇာတ်ကား ထပ်ရိုက်ကူးဖို့ရှိပါသေး တယ်” လို့ သူက ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here