The Sowitchies အလှူအတန်း ပြုလုပ်သွားမယ့် Sophia Everest

0
198

Sophia Everest တို့ရဲ့ ဂီတဘဝစတင်ရာ Myanmar Idol Season-1 ကလက်ရှိအချိန်မှာတော့ နောက်ထပ် Season က အဆိုတော်တွေလည်း တက်လာပြီဆိုတော့ အနည်းငယ်ပျောက်နေတာတွေ့ ရပါတယ်။ ကိုယ်တိုင်ကော Season-1 က သူငယ်ချင်းတွေနဲ့ တွေ့ဖြစ်သေးလားလို့ ဆိုဖီယာကိုမေး တော့

“သူတို့နဲ့ Group Song လေးတော့ ဆိုဖီ ဆိုထားသေးတယ်။ သူတို့လည်း သူတို့ အလုပ် သူတို့ကြိုးစားနေကြတယ်။ ဆိုဖီတို့ တစ်ခါတလေ အားတဲ့ရက်တွေမှာတော့ ဆုံတွေ့ဖြစ်တယ်။ မုန့်တွေစားဖြစ်တယ်။ သီချင်းတွေလည်း ထပ်မံပြုလုပ်ဖို့ရှိပါ တယ်” လို့ သူကပြောပါတယ်။ ‘NVM’ တစ်ကိုယ်တော်စီးရီးခွေ ၂ ခွေ ထွက်ရှိထားပြီးဖြစ်တဲ့ ဆိုဖီယာက စက် တင်ဘာလ ၁ ရက်နေ့မှာလည်း ‘အဆိပ်’ လို့ အမည်ပေးထားတဲ့ Single Song ကို အွန် လိုင်းကနေ ဖြန့်ချိလိုက်ပါတယ်။

“အဲဒီသီချင်းကတော့ ဆိုဖီ ရှေ့မှာထွက်ရှိခဲ့တဲ့ အမြူးတွေ၊ R&B သီချင်းတွေလိုမဟုတ်ပါဘူး။ သီချင်း ပုံစံပြောင်းထား ပါတယ်။ Poison ဆိုတဲ့အတိုင်း သီချင်းက နည်းနည်း Psycho ပုံစံလေးတော့ရှိတာပေါ့။ စက် တင်ဘာ ၁ ရက်နေ့ ထွက်ရှိပါမယ်။ အွန်လိုင်း ကနေပါပဲ။ ဆိုဖီအခု EDM ပုံစံလေးနည်းနည်း ပြောင်းနေတယ်။ ပြီးတဲ့အခါကျတော့ R&B Trap လေးတွေလည်း ဆိုထားပါတယ်။ တစ်ပုဒ်ချင်းစီလည်း လာပါမယ်။ ပြီးတော့ Duet တွေလည်း ထွက်ဖို့ ရှိပါ တယ်။ ဒီလာမယ့်အောက်တိုဘာလထဲမှာ” လို့ ဆိုဖီယာက သူ့ရဲ့ လှုပ်ရှားမှုတွေကို ပြောပြပါတယ်။ Sowitchies (Sophia Everest Fans) တွေနဲ့လည်း သိပ်မတွေ့ဖြစ်တော့ ဘူးနော်။ ဒီနှစ်ထဲမှာ သူတို့တွေနဲ့အတူ အလှူအတန်းတွေ ပြုလုပ်ဖြစ်ဦးမလားလို့ဆိုတော့…..

“Sowitchies လေးတွေနဲ့ကလည်း တအားတွေ့ချင်တယ်။ အရင်တုန်းကတော Fan Meeting တွေလုပ်ဖြစ်တယ်။ ဒါပေမဲ့ အခုကျတော့ မလုပ်ဖြစ်တော့ဘူး။ တအားကြီးပြတ်တောက် နေတယ်။ အဲဒီတော့ ဒီဇင်ဘာ ခရစ္စမတ်မတိုင်ခင်မဟုတ်ရင် နယူး ရီးယားပြီးသွားတဲ့အချိန်လောက်မှာ Fans တွေနဲ့အတူတူ အလှူ တစ်ခုခုပြုလုပ်မှာပါ” လို့ ဆိုဖီယာကပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here