တစ်ယောက်နဲ့ တစ်ယောက် သံသယစိတ် မထားဘူးဆိုတဲ့ဖိုးချစ်

0
128

“သူနဲ့ကျွန်တော့်ကြားမှာ တော်တော်ကြီး အံ့သြစရာကောင်းတယ်။ တစ်ခါမှစိတ်မဆိုးဖူးဘူး။ ကျွန်တော်တို့အနေနဲ့ စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း ထားကြ တယ်။ သံသယစိတ် မထားကြဘူး။ အထင်မှား၊ အမြင်မှား စိတ်တွေ ပယ်လိုက်မှပဲ ငြိမ်းချမ်းရေးဆိုတာ ဖြစ်လာမှာလေ။ သံသယမရှိမှ ငြိမ်းချမ်း မှာပါ။ သံသယရှိရင် မငြိမ်းချမ်းဘူး” လို့ သူငယ်ချင်းဖြစ် သူဟန်ဇာမိုးဝင်းနဲ့ သူနဲ့ကြားက ခင်မင်ရင်းနှီးမှုကို ဖိုးချစ်ကပြောပြပါတယ်။ သူတို့သူငယ်ချင်းနှစ် ယောက်အနေနဲ့ ဘယ်သူက အရင်အိမ်ထောင်ပြုဖြစ်မလဲလို့ မေးကြည့်တဲ့အခါ မှာတော့ – “အဲဒါကိုကျွန်တော် သူ့လည်း မမေးသလို ကျွန်တော့်လည်းသူမ မေးဘူး (ရယ်လျက်)။ မသိချင်ယောင်ဆောင်နေကြတာ” လို့ ဖိုးချစ်က ရယ်မောရင်း ဖြေကြားခဲ့ပါတယ်။

ဖိုးချစ်နဲ့ ဟန်ဇာမိုးဝင်းတို့ သူငယ်ချင်းနှစ်ယောက် တရုတ်ပြည်မှာ သွား ရောက်ဖျော်ဖြေကြဦးမှာဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲမှာတော့ သူတို့ နှစ် ယောက်က မြန်မာ့ဇာတ်သဘင်ရဲ့ အနုပညာတွေကို စုပေါင်းပြီးကပြ တင် ဆက်ကြမှာဖြစ်တဲ့အတွက် ဖိုးချစ်၊ ဟန်ဇာမိုးဝင်းဆိုတဲ့ နာမည်တွေကို မေ့ ထားကြမှာဖြစ်တယ်လို့လည်းသိရပါတယ်။

“ကျွန်တော်တို့သဘင်အစည်းအရုံးကြီးရဲ့ အောင်မြင်မှုဟာ ကျွန်တော် ပိုနာမည်ကြီးဖို့ EC တွေ ပိုချမ်းသာလာဖို့ ပိုအောင်မြင်ဖို့ မဟုတ်ဘူး။ သဘင်လောကသားတွေ ဘယ်လောက် အဆင်ပြေ သွားလဲ၊ ဘယ်လောက် စိတ်ချမ်းသာသွားလဲဆိုတဲ့ ရလဒ်ပေါ်မှာမူတည်ပြီးတော့ အစည်းအရုံးရဲ့ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းကို တိုင်းတာရမှာပါ။ ဒီအစည်းအရုံးကြီးရဲ့ လုပ်ဆောင်ချက်ကြောင့် ရိုးရာယဉ်ကျေးမှုကို ဘယ်လောက် အထိ ထိန်းသိမ်းနိုင်သလဲ၊ ဘယ်လောက်တိုးတက်လာသလဲဆိုတဲ့အပေါ်မှာ တိုင်းတာသလိုပဲ ကျွန်တော်တို့တွေရဲ့ အောင်မြင်မှုဆိုတာ ကျွန်တော်တို့အားပေးနေတဲ့ ပရိသတ်တွေဖြစ်တဲ့ ပြည်သူလူထုအတွက် အဆိပ်အတောက်မဖြစ်အောင် ကျွန်တော်တို့ သတိထားရတယ်။ ကျွန်တော်တစ်ယောက်တည်းပဲကပြကပြ၊ သူငယ်ချင်းတွေနဲ့ပဲပေါင်းကပြကပြ အားလုံး စုပြီး ပဲပေါင်းကပြကပြ ပရိသတ်ရင်ထဲကို ဘယ်လောက်အထိရောက်သွားလဲဆိုတာကို တိုင်းတာရမှာပါ။ ဒီဘက်ခေတ် မှာက ကျော်ကြားဖို့ နည်းနည်းပိုလွယ်တယ်။ ပေါ်ပြူလာဖြစ်ဖို့လည်း နည်းနည်းလွယ်တယ်။ အောင်မြင်ဖို့လည်း အရင် လောက်တော့ မခက်ကြဘူး။ ဒါပေမဲ့ အောင်မြင်မှုကို ထိန်းသိမ်းနိုင်ဖို့တော့ ခက်တယ်” လို့ မြို့ရွှေမန်းသားဖိုးချစ်က ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here