သွေးနဲ့ရေးဆဲ တိုင်းပြည်

0
148

လက်​ညှိုးညွှန်​ရာ ​ရေဖြစ်​တဲ့ အရပ်​မှာ
လက်​ညှိုးညွှန်​ရာ ကျည်​ဖြစ်​တယ်​။
စနစ်​တံဖြုတ်​ထားတဲ့ ဗုံးဟာ
ရန်​သူ့နယ်​​မြေထဲ ကျ​ရောက်​သွား​တော့
စနစ်​တံကိုင်​ထားတဲ့လက်​ဟာလည်း ရန်​သူ့နယ်​​မြေထဲမှာ
စနစ်​တကျ ညွှန်​ကြားသူ​တွေရဲ့
လက်​ညှိုးများ​အောက်​မှာ
စနစ်​တကျ အတုံးအရုံး
အသက်​​တွေ…..။
‘ရဟတ်​ယာဉ်​သံ​တွေ ကြားရင်
သားသား အရမ်း​ကြောက်​တာပဲ’လို့
ပြော​နေတဲ့ က​လေးဟာ
မုသား မဲ့လွန်းတယ်
‘ခြေသံ​ဖြောက်​​ဖြောက်​​တွေ ကြားရင် 
မီးမီး သိပ်​​ကြောက်​တာပဲ’လို့
ပြော​နေတဲ့ က​လေးရဲ့ စိတ်​ထဲမှာ
ဒဏ်​ရာ​တွေနဲ့….။
တစ်​ရက်၊​ နှစ်​ရက်​ မဟုတ်
တစ်​,နှစ်​၊ နှစ်​,နှစ်​ မဟုတ်
ဆယ်​နှစ်၊​ ဆယ့်​ငါးနှစ်​ မဟုတ်
ဓားကို ဘယ်​တစ်​လက် 
ညာတစ်​လက်​ ကိုင်​ရင်း
အချင်းချင်း တိုက်​ခိုက်​လာခဲ့ကြ
နှစ်​​ပေါင်းက ခုနစ်​ဆယ်​ . . . ။

ဧရာသစ္စာ(ငဖဲ)


LEAVE A REPLY

Please enter your comment!
Please enter your name here