မန္တလေးပန်းချီ အနုပညာရှင်များအဖွဲ့ က ရေဘေးသင့် ပြည်သူများအတွက် အလှူငွေကျပ်သိန်း ၈ဝ လှူဒါန်း

0
195

မန္တလေး ပန်းချီအနုပညာရှင် များအဖွဲ့က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဆွာမြို့နယ်အတွင်း သဘာဝရေဘေးအန္တရာယ်ကျရောက် ခဲ့သော ရေဘေးသင့်ပြည်သူများ အ တွက် အလှူငွေကျပ်သိန်း ၈ဝ ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ မှတစ်ဆင့် ပေးအပ်လှူဒါန်းခဲ့ပါ တယ်။

“ကျွန်တော်တို့ ပန်းချီဆရာတွေ က အနုပညာနဲ့ လှူဒါန်းဖို့ဆိုရင် လက်မနှေးကြပါဘူး။ အားလုံးက လှူချင်တန်းချင်တဲ့ ဆန္ဒရှိကြပါတယ်။ ရေဘေးသင့်တဲ့ဒေသတွေမှာ လှူဒါန်း ဖို့ဆိုပြီး ကျွန်တော်တို့ပန်းချီဆရာတွေ တိုင်ပင်ကြတယ်။ ကျွန်တော်တို့ ပန်း ချီဆရာတွေရေဘေးလှူဖို့ မန္တလေး ကျုံးထောင့်မှာ သြဂုတ်လ ၁၂ ရက် ကနေ ၁၄ ရက်ထိသုံးရက် ပန်းချီရေး ဆွဲပြီး ရန်ပုံငွေရလာတဲ့ အလှူငွေ ကျပ်သိန်း ၈ဝ ကို လှူဒါန်းတာဖြစ် ပါတယ်။ အရင်ရေဘေးကြုံတုန်းက လည်း ကျွန်တော်တို့လှူခဲ့ကြတယ်။ ဒီတစ်ကြိမ်ရောဆိုရင် ကျွန်တော်တို့ လှူတာသုံးကြိမ်၊ လေးကြိမ်လောက် တော့ရှိပါပြီ”ဟု ပန်းချီဆရာကြီး ဦးခင်မောင်စန်းက ပြောပါတယ်။

အလှူငွေပေးအပ်ပွဲကို သြဂုတ် လ ၂၉ရက်နေ့ မွန်းလွဲပိုင်းက မန္တ လေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မှာ ကျင်းပခဲ့ပြီး မန္တလေးပန်းချီအနု ပညာရှင်များအဖွဲ့ကိုယ်စား ပန်းချီ ပညာရှင်များဖြစ်ကြတဲ့ ဒေါက်တာ ကိုကိုကြီး၊ ဆရာဦးဇော်ဝင်း (သစ် ထွင်း)၊ဆရာဦးမာလာ၊ ဆရာဦးခင် မောင်စန်း၊ ဆရာမိုးဦး(မိုးဦး-ပန်းချီ) တို့က အလှူငွေကျပ်သိန်း ၈ဝ ကို ပေးအပ်လှူဒါန်းရာ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေး အပ်ခဲ့ကြောင်းသိရှိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here