“တချို့သော ရုပ်ရှင် သမားတွေဟာ ဗီဒီယို လောက်တောင် မရိုက်ကူးတဲ့ ဇာတ်ကို ရုပ်ရှင် အဖြစ် ရိုက်ကူး လာကြတယ် ဒါရိုက်တာ မောင်သီ”

0
86

mg-thi“တချို၊ တချို့သော  ရုပ်ရှင် သမားတွေဟာ ဗီဒီယိုလောက် တောင် အဆင့်မရှိတဲ့ ဇာတ်ကားတွေ၊ ဗီဒီယိုလောက်တောင် မရိုက်ကူးတဲ့ ဇာတ်ကို ဗီဒီယိုလောက်ကို အဆင့် မရှိတဲ့ ရိုက်ကူးမှု၊ အတတ်ပညာ၊ နည်းပညာတွေနဲ့ ရိုက်ကူးလာတာကို တွေ့ရတော့ ဒါဟာ ကျွန်တော် တို့ အတွက် မကောင်းတဲ့ အရာ တစ်ခု ပေါ့။ ဥပမာဗျာ- LED လေးဗန်း လောက်နဲ့ ရုပ်ရှင်တစ်ကား ရိုက်ကူး လာတာမျိုးတွေ ကျတော့ ဒါတွေက မလုပ်သင့်ဘူးလေ” လို့ ရုပ်ရှင်နဲ့ ဗီဒီယို ဆင်ဆာ အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့  ဒါရိုက်တာမောင်သီ က ပြောပြပါ တယ်။ ရုပ်ရှင်လောက တိုးတက်ဖို့ ဆိုရင် CC လို့ခေါ်တဲ့ ဆင်ဆာတင် မကဘဲနဲ့ QC (Quality Control) လို့ခေါ်တဲ့ ဘယ်လို အရည်အသွေး ရှိရမလဲ၊ နည်းပညာ အရ ဘယ် လောက်အထိ ရှိရမလဲ၊ အရုပ်၊ အသံ ကွာလတီ ဆိုရင် DCP က ဘယ်လောက် ရှိရမလဲ ဆိုတာတွေ ကို
သတ်မှတ်ပေးဖို့ လိုအပ် လာပြီလို့ ယူဆပါကြောင်း၊ ဒါမှပဲ ပရိသတ်ကို စော်ကားရာ မရောက်လိမ့်မယ်လို့ သူ့ အနေနဲ့ ယုံကြည် ပါကြောင်း သူက ထပ်ပြောပါတယ်။

“ဇာတ်ကား မကောင်းရင် လူ မကြည့်ဘူးလေ။ ရှင်းရှင်းလေးပဲ။ ပရိသတ် မကြည့်ရင် ရုံရှင်လည်းရှုံး မယ်။ ရုံရှင်ရှုံးရင် ထုတ်လုပ်သူလည်း ရှုံးမယ်။ အဲဒီတော့ လောကလည်း နစ်နာမယ်။ အဲဒီလို ဇာတ်ကားတွေ များလာရင် ရုပ်ရှင်တွေက မကောင်း တော့ဘူးဖြစ်လာမယ်။ တစ်လောက လုံး နစ်နာမယ်” လို့ ဒါရိုက်တာ မောင်သီ က ပြောပါတယ်။ ဆင်ဆာ ဆိုတာမျိုး ကတော့ အများပြည်သူ ကြည့်ရှုရန် မသင့် ဆိုတာ မျိုးတွေကိုပဲ ဖြတ်တောက် ရတာမျိုး ဖြစ်ပြီး  QC (Quality Control) ပိုင်းကို ပြောလို့ မရကြောင်း၊ ဆင်ဆာအရ မူဝါဒမရှိ တဲ့အ တွက် ဆင်ဆာ အနေနဲ့   QC (Quality Control)  ကို ကိုင်လို့မရ ပါကြောင်း၊ ဒါကြောင့် QC (Quality Control)  ကိုလုပ် ဖို့ ပြောနေခြင်းဖြစ် ကြောင်း၊ အဓိကကတော့ ရုပ်ရှင် အစည်းအရုံး နဲ့ ညှိနှိုင်းပြီးပဲ လုပ် ဆောင်ရမှာဖြစ်ပြီး QC (Quality Control)  လုပ်ဖို့ဆိုရင် ရုပ်ရှင် လောကသားတွေ ထဲက အသိပညာ ရှင်၊ အတတ်ပညာရှင်တွေ ကပဲ စည်းမျဉ်း မူဝါဒတွေ ဆွဲပြီး လုပ်မှသာ လျှင် အဆင်ပြေ မှာဖြစ်ကြောင်း ဒါရိုက်တာ မောင်သီက ပြောပြပါ တယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here