ဒုတိယအကြိမ် ရုံးထုတ်လာတဲ့ ဒါရိုက်တာမိုက်တီးအပေါ် ညီမဖြစ်သူ လင်းဇာနည်ဇော်ရဲ့ ပြောစကား

0
281

မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင် ရာ ဥပဒေ ပုဒ်မ ၁၆ (ဂ)နဲ့ အမှုဖွင့် အရေးယူထားတဲ့ ဒါရိုက်တာ မိုက်တီး ကို သြဂုတ်လ ၃၁ ရက်နေ့က တာမွေ တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ ဒါ ရိုက်တာမိုက်တီးရဲ့ ရုံးချိန်းကိုတော့ ညီမ ၂ ဦးဖြစ်တဲ့ ချစ်ချစ်ဇော်နဲ့ လင်း ဇာနည်ဇော်တို့ လာရောက်ခဲ့ကြပြီး တရားရုံးက အထွက်မှာ လင်းဇာနည် ဇော်ကို ကိုမိုက်တီးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေရှိလဲ၊ နောက် ထပ်ရုံးချိန်းတွေ ဘယ်လိုရှိလဲစသဖြင့် အနည်းငယ်မေးမြန်းဖြစ်တဲ့အခါ ..

”အဲဒီအပိုင်းတွေက အစ်မမသိ ဘူးပေါ့နော်။ အစ်မသိတာကတော့ မိသားစုအပိုင်းပဲ အစ်မသိတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အစ်မက မူးယစ်ဆေးဝါးသုံးစွဲဖူးတဲ့သူ မဟုတ် တဲ့အခါကျတော့ လူတစ် ယောက်ကို ကြည့်ပြီးတော့ ဒီလူဟာ သုံးစွဲထား တဲ့သူ မဟုတ်ဘူးလား၊ ဟုတ်သလား ဆိုပြီး မပြောပြတတ်ဘူး။ နောက်ပြီး အခုဒီမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက် ပြီးတော့ ဖမ်းဆီးခံထားရတဲ့သူ တော် တော်များများဟာ တစ်ခါတစ်ရံ ရံ ဖန်ရံခါ သုံးစွဲနေကြတဲ့ သားကောင် အဆင့်လောက်ပဲ ရှိပါတယ်။ အများ အမြင်မှာ သားကောင်တစ်ကောင်ကို ဖမ်းဆီးထားတယ် ဆိုပေမယ့်လည်း အဲဒီသားကောင်တိုင်း၊ သားကောင် တိုင်းမှာ မိသားစုရှိတယ်ပေါ့နော်။ ဒီ မိသားစုတွေထဲက မိသားစုဝင်တစ် ယောက် ဒါမျိုးဖြစ်ပြီဆိုရင် ကျန်တဲ့ မိသားစုဝင်တွေ အကုန်လုံးက ဘယ် လိုမှ နေလို့မရဘူး” လို့ လင်းဇာနည် ဇော်က ပြောပါတယ်။

အစ်ကိုဖြစ်သူကြောင့် မိသားစု ဝင်တွေမှာ အလုပ်တွေများနေရပြီလို့ ဆိုတဲ့ လင်းဇာနည်ဇော်က …

”အခုဆိုရင် အစ်မတို့ကိုပဲကြည့် လေ။ အနုပညာသမားတွေဖြစ်ပေ မယ့်လည်း မသွားသင့်တဲ့နေရာ၊သွား သင့်တဲ့နေရာ ဘာမှကို မခွဲခြားနိုင် ဘူး။ ရောက်ရတာပဲပေါ့နော်။ ကိုယ် ဆိုရင်လည်း ကိုယ့်သမီးလေးအတွက် မနည်း ရုန်းကန်ပြီးတော့ ရှာဖွေနေရ တဲ့အချိန်မှာ ဒီအလုပ်တွေကို ကိုယ် မလုပ်နိုင်ဘဲနဲ့ ကိုယ့်အစ်ကိုက ပိုအ ရေးကြီးတဲ့အခါကျတော့ ဒီဘက်ကို မောင်နှမတွေလာရောက်ရတာပေါ့။ အဖေကတော့ အိပ်ရာထဲ လဲနေတော့ ဘာမှမသိနိုင်ဘူးလေ။ အမေဆိုရင် လည်း ဘုရား၊ တရားလုပ်တဲ့သူ တစ် ယောက်ဟာ ဘုရား၊ တရားတောင် ကောင်းကောင်းမလုပ်နိုင်တော့ဘူးလေ။ အဲဒီအတွက်ကြောင့်မို့လို့ တကယ့်တကယ် ဖြစ်သင့်တာက မူး ယစ်ဆေးဝါးဆိုတာက လူညွန့်တုံးစေတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မို့လို့ မူးယစ်ဆေးဝါးဟာ လုံးဝမရှိသင့်ပါ ဘူး။ သူ့အိုးနဲ့ သူ့ဆန်တန်သလိုပေါ့။ မူးယစ်ဆေးဝါးသုံးစွဲတဲ့ သားကောင် တွေကို သားကောင်အဆင့်လောက် ပညာပေး၊ အပြစ်ဒဏ်ချမှတ်ပြီးတော့ တကယ့် အမြစ်က စလို့ တော်လှန်ဖို့ သင့်တယ်လို့ အစ်မကတော့ ထင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here