ရန်ကုန်ဗုဒ္ဓတက္ကသိုလ် ဥပပါရမီသွေးလှူအ သင်း (ပဉ္စမအကြိမ်) နှင့် သံသရာလမ်းညွှန် အဘိဓမ္မာသင်တန်းတို့ ပူးပေါင်းကျင်းပသော စုပေါင်းသွေးလှူဒါန်းပွဲ

0
188

ရန်ကုန်တိုင်းဒေသကြီး ကြည့် မြင်တိုင်မြို့နယ် သာဓုပရိယတ္တိစာ သင်တိုက် ရန်ကုန်ဗုဒ္ဓတက္ကသိုလ် ဥပပါရမီသွေးလှူအသင်း (ပဉ္စမ အကြိမ်) နှင့် သံသရာလမ်းညွှန်အဘိဓမ္မာ သင်တန်းတို့ ပူးပေါင်း ကျင်းပသော မေတ္တာအခါတော်နေ့အကြို စုပေါင်း သွေးလှူဒါန်းပွဲကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီးအမျိုးသားသွေးဌာန၌သြဂုတ်လ ၁၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

သွေးလှူဒါန်းပွဲကျင်းပရခြင်းအကြောင်းနှင့်ပတ်သက်ပြီး လူသားများ ကြုံတွေ့နေရသည့် လူမှုဒုက္ခများကို မိမိတို့ သာသနာ့ ဝန်ထမ်းများ အနေဖြင့်တတ်အား သရွေ့ပြန်လည် ကူညီစောင့်ရှောက် ခြင်းမျိုးဖြစ်သော ယခုကဲ့သို့ စုပေါင်း သွေးလှူဒါန်းပွဲလေး စီစဉ်ကျင်းပရခြင်းဖြစ် သလို ယခုကြိမ်တွင် ခန္ဓာကိုယ်လှူဒါန်းသူ ၃ ဦးပါရှိကြောင်း အရှင်ကောဝိဒ(မော်ကွန်းထိန်း)က မိန့်ကြားပါ သည်။ အမျိုးသားသွေးဌာနမှ ဒု-ညွှန်ကြားရေးမှူး ဒေါက်တာ သန့်ဇင်ကလည်း ယခုကဲ့သို့ ဘုန်းဘုန်းများဦးဆောင်ပြီး လာရောက် လှူဒါန်းပေးသည့်အတွက်အထူးပဲဝမ်းမြောက်ဝမ်းသာဖြစ်မိပြီး ယခုလိုမျိုးလိုအပ်နေသည့် သွေးများကို ဆရာတော်များမှ ဦးဆောင် ဦးရွက်ပြုကာ မိမိတို့ ဒကာ၊ ဒကာမများအား စည်းရုံးလှုံ့ဆော် ဟော ပြောသွားမည်ဆိုလျှင်အောင်မြင်လိမ့်မည်ဟု ယုံကြည်မိပါကြောင်း ပြောပါသည်။

ယခုအကြိမ်တွင် နှစ်ဖွဲ့ပေါင်း ၂၆၂ ဦး သွေးလှူဒါန်းနိုင်ခဲ့ပြီး အမျိုးသားသွေးဌာနမှဒု- ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇင်က ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီး ပေးအပ်ဂုဏ်ပြုခဲ့ခဲ့ကြောင်း သိရသည်။

ဒဂုံတက္ကသိုလ်တင်ဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here