မိသားစုပြဿနာတွေကြောင့် ၇၆ ပေါင်အထိ ကျသွားတဲ့ဂျိုလီ

0
317

ဒီသီတင်းပတ်အတွင်း ပရိသတ်တွေအားလုံး မှင်တက်မိသွားစေတဲ့ သတင်းဓာတ်ပုံတစ်ပုံကတော့ ပရိ သတ်တွေရဲ့ မေတ္တာကို အပြည့်အဝ ခံယူရရှိထားတဲ့ အိန်ဂျလီနာဂျိုလီရဲ့ ဓာတ်ပုံပါ။ ဓာတ်ပုံထဲမှာ ဂျိုလီ တစ်ယောက် အရိုးပေါ် အရေတင်နေတဲ့ ခန္ဓာကိုယ်မျိုးကို အံ့ဩတကြီး တွေ့ လိုက်ကြရတာပါ။

လတ်တလောကာလမှာ အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့ ဂျိုလီနဲ့ ခင်ပွန်းဟောင်းဖြစ်သူ အသက် ၅၄ နှစ် အရွယ် ဘရက်ပစ်တို့ကြားက အိမ်ထောင်ရေးပြဿနာ၊ သား သမီးပြဿ နာတွေက သောင်မတင် ရေမကျဖြစ် နေခဲ့ တာ ကာလတစ်ခုကြာခဲ့ပါပြီ။ အဓိကပြဿနာကြီးက တော့ ဂျိုလီနဲ့ ဘရက်ပစ်တို့ကြားက သားသမီး ၆ ယောက်ကို အုပ်ထိန်းခွင့်ရဖို့ အပြင်း အထန်တိုက်နေရတဲ့ တိုက်ပွဲပါပဲ။ ဂျို လီကလည်း ကလေးအားလုံးကို သူနဲ့ ပဲ တစ်မိုးအောက်အတူ နေရဖို့ ပြင်း ပြင်းပြပြ တိုက်ပွဲဝင်နေတယ်လို့ ပြောဆိုနေကြပါတယ်။

အမေ မဂ္ဂဇင်းကြီးရဲ့ စာမျက်နှာ တွေမှာတော့ “ဩဂုတ်လလယ် လောက်ကစပြီး ဂျိုလီတစ်ယောက် အစားကောင်းကောင်း မစားတော့ ဘူး။ တအားကို စိတ်ဖိစီးနေတယ်” လို့ ရေးသားပြီးနောက် ဂျိုလီ့ပုံတွေ လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

Ref: Hollywood Life


LEAVE A REPLY

Please enter your comment!
Please enter your name here