အနုပညာရှင် တစ်ယောက်ရဲ့ True Story ကို ကိုယ်တိုင်ရေး၊ ကိုယ်တိုင် သီဆိုမယ့် တေးရေး ဝေကြီး

0
171

သိကြတဲ့အတိုင်း အခုတလောမှာ အဆိုတော် ကြီးကြီးငယ် ငယ် တော်တော်များများရဲ့ ပေါက်သီချင်းတွေက တေးရေး ဝေကြီးရဲ့ သီချင်းတွေဖြစ်နေတယ်။ နောက်ဆုံးဆို Myanmar Idol Season-3 Final မှာဖြိုးမြတ်အောင်ကနေ ချမ်းမြေ့မောင်ချိုကို လက်ဆောင်ပေးလိုက်တဲ့ သီချင်းလေးက ဝေကြီးရဲ့လက်ရာ။ သူအခု တေးရေး ဝေကြီးကနေ တေးဆို ဝေကြီးဖြစ် တော့မယ်။ သူ ကိုယ်တိုင်ရေး၊ သူကိုယ်တိုင် သီဆိုထားတဲ့ သီချင်းလေးက –

”အဲဒါက V7 Page လေးကနေ တင်ပေးမယ်။ ‘အသည်းကွဲ အကယ်ဒမီ’ ဆိုတဲ့သီချင်းလေးပါ။ ကျွန်တော်ရေးတယ်။ ကျွန်တော်သီဆိုတယ်။ ဒါဟာ ဒုတိယမြောက် Single Song လေးပေါ့။ ဒီတစ်ခေါက်က ဘယ်လိုသီဆိုဖြစ်သွားတာလဲဆိုတော့ အဲဒီအကြောင်းကိုပြောရင် နည်းနည်းရယ်ရတယ်။ ကျွန်တော် ရေးလိုက်တယ်။ ရေးပြီးတဲ့အချိန်မှာ အနုပညာရှင်တစ်ယောက်ရဲ့True Story လေးဆိုတော့ ပုံဖော်တော့လည်း ကျွန်တော်ရေးထားတဲ့အတိုင်း သေသေချာချာလေး ပုံဖော်ထားတယ်။ အမှန် တကယ်က သီဆိုဖို့အစီအစဉ်က အဲဒီလောက်ကြီး မြန်မြန်သီဆိုဖို့မဟုတ်ဘူး။ ဒါပေမဲ့ တိုက်ဆိုင်သွားတဲ့အတွက် လုပ်ဖြစ်သွားတာ” လို့ ဝေကြီးက ပြောပါတယ်။ နောက်ပိုင်းမှာရော တေးဆိုဘက်ကို သွားမှာလားလို့ဆိုတော့ –

”ကံသေကံမ ပြောလို့တော့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ‘အသည်းကွဲအကယ်ဒမီ’ က ကိုဖြိုးကို ကျွန်တော်ဆိုပြသေးတယ်။ အဲဒါ မင်းနဲ့လိုက်တယ်။ မင်းသီဆိုကြည့်လို့ ကိုဖြိုးကပြောတော့ ကြိုးစားကြည့် လိုက်မယ်သီဆိုပြီးဆိုဖြစ်သွားတာ။ ကံပဲပေါ့နော်။ ဆိုခွင့်ရမယ်ဆိုရင်တော့ ဆက်လက်ပြီး ကျွန်တော်ကြိုး စားကြည့်ချင်တယ်” လို့ ဝေကြီးက ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here