မင်းသားကြီး ကတ် ဒေါက်ကလပ်စ်ရဲ့ထူးခြားတဲ့ဓာတ်ပုံ

0
97

ယခုသီတင်းပတ်အတွက် ကမ္ဘာတစ်ဝန်းက ပရိသတ်တွေတွက် Suprise ဖြစ်စေခဲ့တဲ့ ဓာတ်ပုံတစ်ပုံ လူမှုကွန်ရက်စာမျက်နှာပေါ်တက် လာခဲ့ပါတယ်။

ဓာတ်ပုံရှင်ကတော့ အသက် ၁၀၁ နှစ်ရှိပြီဖြစ်တဲ့ ကမ္ဘာကျော်မင်း သားကြီး ကတ်ဒေါက်ကလပ်စ်ပဲ ဖြစ် ပါတယ်။ ဓာတ်ပုံကတော့ သူ့ရဲ့ ရှစ်လသမီးအရွယ် မြစ် ကလေး Lua Lzzy ဆီကို လာလည်ခိုက် ရိုက်ကူး ထားတဲ့ ပုံလို့ သိရပါတယ်။ မင်းသားကြီးရဲ့ ပြုံးရယ်နေတဲ့ပုံပါ။ မြစ်မလေးကို ကြည့်ပြီး ပြုံးလိုက်တဲ့အချိန် ရိုက်ကူး ထားတာလို့ သိရပါတယ်။

မင်းသားကြီးကို ၁၉၁၆ ခုနှစ်က အမေရိကန် ပြည်ထောင်စုမှာ မွေးဖွားခဲ့ပြီး သူ့ရဲ့Spartacus (1960)၊The Vikingss(1958)အစရှိတဲ့ ဇာတ်ကားတွေဟာ ဒီနေ့ထက်တိုင် မရိုးနိုင်သေးတဲ့ ကမ္ဘာကျော်ဂန္တဝင် ဇာတ်ကားတွေဖြစ်ကြောင်း သိရပါတယ်။

Ref :ENEWS


LEAVE A REPLY

Please enter your comment!
Please enter your name here