အင်္ဂလန် နိုင်ငံမှာ ဒီဇိုင်းပညာ ဆက်လက် သင်ယူသွားဦးမယ့် မေတိုးခိုင်

0
133

မေတိုးခိုင်က သူ့ရဲ့မိခင်ဒီဇိုင်နာ အိကျော်ဇင်လို ဒီဇိုင်နာတစ်ဦးဖြစ် ချင်တဲ့အတွက် အင်္ဂလန်နိုင်ငံက Manchester Metropolitan University မှာ ဒီဇိုင်းပညာကို သင်ယူခဲ့ပါတယ်။ အနုပညာ အလုပ် တွေလုပ်ကိုင်နေ တဲ့အတွက် ဒုတိယနှစ်အပြီးမှာ ကျောင်းခဏနားထားတဲ့ မေတိုးခိုင်က ဒီဇိုင်းပညာကို ဆက်လက်သင်ယူဖို့အတွက် အင်္ဂလန် နိုင်ငံမှာ ကျောင်းသွားတက်ဖို့စီစဉ်နေပါတယ်။

”ဒုတိယနှစ်ပြီးထားတာ နောက်ဆုံးတစ်နှစ်ကျန်သေးလို့ သွား တက်ဖြစ်တာပါ။ နောက်နှစ်လောက်တော့ သွားဖြစ်အောင် ကြိုး စားနေပါတယ်။ ပရိသတ်တွေလွမ်းနေမယ်လို့တော့ ထင်ပါတယ်။ ကျောင်းသွားတက်နေပေမယ့်လည်း ညီမရဲ့အနုပညာတွေကို ဆက်လက်ပြီး အားပေးမယ်လို့ထင်ပါတယ်။ ချစ်ပေးကြပါ” လို့ ပြောပါ တယ်။

ဒီဇိုင်းပညာကို သင်ယူထား တဲ့အတွက် မိခင်ဖြစ်သူရဲ့ VIVID ဖက်ရှင်ဆိုင်ကို ကူညီပေးနိုင်သလို သူ့ရဲ့အနုပညာကိုလည်း အထောက် အကူပြုစေ တယ်လို့ မေတိုးခိုင်က ဆိုပါတယ်။

”ဒီဇိုင်းပညာကို တတ်ထားတဲ့ အတွက် ညီမအနုပညာအတွက် ကဏ္ဍမျိုးစုံကနေ အများကြီး ကူညီပေးပါတယ်။ ဖက်ရှင်နဲ့ပတ်သက်ပြီး ပွဲတွေ တက် မယ်ဆိုရင်လည်း ကိုယ့် ဘာသာကိုယ် စီစဉ်လို့ရတာပေါ့” လို့ ပြောပါတယ်။ မေတိုးခိုင် က ရေရှည်မှာတော့ ဒီဇိုင်နာကို စီးပွားရေးအနေနဲ့ လုပ်ကိုင်သွားမှာဖြစ်ပြီး သရုပ်ဆောင်တာကိုတော့ ပရိသတ် တွေ အားပေးမှုတွေ ရှိနေတဲ့အထိ လုပ်သွားမှာပါ။ မေတိုးခိုင်က ”၆လအထိ မိခင်နို့မှတပါး တခြားမလို’ လူထုအသိပညာပေး လှုံ့ဆော် မှုအစီအစဉ် မိတ်ဆက်ပွဲကို Brand Ambassador တစ်ဦးအနေနဲ့ တက်ရောက်ခဲ့ ပါတယ်။ ဒီကမ်ပိန်းနဲ့ပတ်သက်ပြီး မေတိုးခိုင်က…

”ဒီလိုကမ်ပိန်းလေးတွေ အများကြီး လိုအပ်တယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံမှာ ကလေးတွေက များသောအားဖြင့် ညှက်ကြတယ်။ ပုကြ တာများတယ်။ ဒီလိုမျိုး အာဟာရ ဓာတ်တွေအများကြီးပါတဲ့ မိခင်နို့ကို တိုက်ကျွေးတာကို တိုက်တွန်းပေးတဲ့ အတွက် ဒီကမ်ပိန်းလေးက တအားကောင်းတယ်လို့ ထင်ပါတယ်” လို့ သူ့ရဲ့အမြင်ကို ပြောခဲ့ပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here