Baby Kulture ရဲ့ ပုံကို ပြန်ဖျက်လိုက်တဲ့ ရက်(ပ်)ပါ ကာဒီဘီ

0
238

ရက်(ပ်)ပါ ကာဒီဘီတစ်ယောက် ဘယ်လိုစိတ် ကူးနဲ့တင်ထားမှန်း မသိတဲ့ အင်စတာဂရမ်ပေါ်က လသား သမီးငယ်လေးရဲ့ နှုတ်ခမ်းအနီးကပ် ပုံလေးကို ပြန်ဖြုတ်ပစ်လိုက်ပြီလို့ သိရပါတယ်။ အင်စတာ ဂရမ်မှာ တွေ့ခဲ့ ရတဲ့ သမီးငယ်လေး Kulture ဟာ လသားအရွယ်သာရှိနေသေးတာဖြစ် ပြီး ပရိသတ် တွေကတော့ စိတ်လှုပ် ရှားခဲ့တယ်လို့ ဆိုကြပါတယ်။

ပြီးခဲ့တဲ့နှစ်ပိုင်းကပဲ ပရိသတ် အချစ်တော် ကာဒီဘီတစ်ယောက် လျှို့ဝှက်လက်ထပ်ခဲ့တယ်ဆိုတဲ့ သတင်းက တစ်စွန်းတစ်စ ထွက်ပေါ် လာခဲ့ပါတယ်။ သူ့ပရိသတ်တွေက တော့ ဘာသတင်းအစအနမှ မရရှိ လိုက်ကြပါဘူး။ ကိုယ်ဝန်ရင့်လာမှသာ ပရိသတ်က သိခွင့်ရခဲ့တာလို့ သိရပါတယ်။ အတူနေချစ်သူ အမေ ရိကန် ရက်(ပ်)ပါ Offset ဘက်ကလည်း ဘာအသံမှ ထူးထူးခြားခြား ထွက်လာခဲ့ခြင်း မရှိခဲ့တာက ပိုပြီး လျှို့ဝှက် စေခဲ့တာဖြစ်ပါတယ်။

ရက်(ပ်)ပါ ကာဒီဘီရဲ့ အမည် ရင်းက Belcalis Almanzar ဖြစ်ပြီး ၁၉၉၂ ခုနှစ်က အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ မွေးဖွားခဲ့ပြီး “I Like It ” သီချင်းနဲ့ ၂၀၁၈ မှာ လူ ကြိုက်များနေတယ်လို့ သိရပါတယ်။

Ref: Hollywood Life


LEAVE A REPLY

Please enter your comment!
Please enter your name here