ရုပ်ရှင်ဇာတ်ကားကောင်းများစွာပါဝင်သော ၈ ကြိမ်မြောက် ဝဿန် ရုပ်ရှင်ပွဲတော်ကို စက်တင်ဘာလ ၅ ရက်နေ့ စတင်ကျင်းပမည်

0
187

၈ကြိမ်မြောက် ဝဿန်ရုပ်ရှင် ပွဲတော်ကို လာမယ့် စက်တင်ဘာလ ၅ ရက်နေ့ကနေစတင်ပြီး စက်တင် ဘာလ ၁ဝ ရက်နေ့အထိ ဝဇီရာ ရုပ်ရှင်ရုံနဲ့ Goethe Institut တို့မှာ ကျင်းပပြုလုပ်သွားတော့မှာ ဖြစ်ပါ တယ်။ ထုံးစံအတိုင်းပါပဲ ဝဿန် ရုပ်ရှင်ပွဲတော်မှာ ပြသမယ့် ဇာတ် ကားတချို့ ဆင်ဆာဖြတ်ခံရပါ တယ်။ ဆိုလိုတာကတော့ ဇာတ်ကား ထဲက ဇာတ်ဝင်ခန်းတချို့ကို ပြင် ဆင်ဖြတ်တောက်ဖို့ ညွှန်ကြား ခံရတာပါ။ အများပြည်သူကို ပြသ တော့မယ် ဆိုရင်တော့ ဘယ်လို ဇာတ်ကားမျိုးပဲ ဖြစ်ဖြစ် ဆင်ဆာ ဆိုတာကို ဖြတ်ကျော်ရတာချည်း ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကြီးကြီးမား မားတော့ ဆင်ဆာဖြတ်ခံရတာ မျိုးတော့ မဟုတ်ဘူးလို့ ရုပ်ရှင်ပွဲတော် စီစဉ်သူဒါရိုက်တာမသူသူရှိန်ကပြောပြပါတယ်။

”ကျွန်မတို့ မျှော်လင့်တာကလေရုပ်ရှင်ပွဲတော်ဆိုတာ ရုပ်ရှင်ပညာ တွေ တိုးတက်လာဖို့ အဓိကနေရာ တစ်ခု ဖြစ်တယ်။ဖောက်ထွက် တွေး ခေါ်လာတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ဖန်တီးထားတဲ့ ဇာတ်ကားတွေကို ပြသနေတဲ့ နေရာဖြစ်တယ်။အဲဒီ တော့ ကျွန်မတို့အနေနဲ့ မျှော်လင့်တာ ကရုပ်ရှင်ပွဲတော်သည် သန်းပေါင်း များစွာသော ပရိသတ်ကိုတော့ ထိ ရောက်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ လွတ်လပ်စွာ ရိုက်ကူးလိုသူတွေနဲ့ အဲဒီလို ရုပ်ရှင်မျိုးကိုခံစားလိုသူတွေအတွက် နေရာတစ်ခုဖြစ်တယ်။ နိုင် ငံတကာမှာလည်းရုပ်ရှင်ပွဲတော်မှာ ပြသဇာတ်ကားတွေဟာဆင်ဆာ မရှိ ပါဘူး။ ဒါပေမဲ့ Rating စနစ်တော့ ရှိတယ်။ ကျွန်မတို့ မျှော်လင့်တာက လည်း အဲဒီလိုပါပဲ။အရင်တုန်းက နှစ်တွေမှာလည်း ရုပ်ရှင်ဇာတ်ကား တွေကို ပြင်ဆင်ဖြတ်တောက်ဖို့ မှတ် ချက်ပြု ညွှန်ကြားလာတာတွေရှိ တယ်။ ဒီနှစ်မှာလည်းရှိတယ်။ ကျွန်မတို့ မျှော်လင့်တာကတော့ အခု လက်ရှိမှာရုပ်ရှင်ဥပဒေကို ပြင်ဆင် နေပြီ ဖြစ်တဲ့အတွက် Rating စနစ် ဖြစ်လာမယ်ဆိုရင် ဒီအရာဟာ ရုပ် ရှင်ပွဲတော်ကို အကျိုးသက်ရောက်မှု ရှိစေမှာ ဖြစ်တယ်။ အဲဒီတော့ Rating ပေါ်လာဖို့ မျှော်လင့်တယ်။အမြန်ဆုံးဖြစ်မြောက်လာဖို့တော့ မျှော်လင့်တယ်။ ရုပ်ရှင်ပွဲတော်တွေ ကိုတော့ လွတ်လပ်တဲ့ရုပ်ရှင်ဇာတ် ကားတွေ ကြည့်ခွင့်ရတဲ့နေရာလေး တစ်ခု ဖြစ်ချင်တယ်။အဲဒီအတွက် ဆင်ဆာတစ်ခုကိုတော့ မလိုချင်ဘူး။ ဖြတ်တောက်တာတွေကိုမလိုချင်ဘူး။လွတ်လပ်စွာပြသလို့ ရတဲ့နေရာတစ် ခု ဖြစ်လာဖို့ မျှော်လင့်ပါတယ်” လို့ သူက ပြောပါတယ်။

ဒီနှစ်မှာတော့ ဆင်ဆာ ထောက်ညွှန်ခြင်းခံရတဲ့ ဇာတ်လမ်း ဇာတ်လမ်းကွက်မျိုးကတော့ ဝိုင် သောက်တဲ့ အခန်း(အမျိုးသမီးတွေ ဝိုင် သောက်နေတာမျိုး) ၊ ဆေးလိပ် သောက်နေတဲ့ အခန်းမျိုးတွေ မှာဆင်ဆာတွေ ထောက်ညွှန်ခံထား ခဲ့ရပေမယ့်လည်း နိုင်ငံရေးနဲ့ ဆက် နွှယ်နေတဲ့ ရုပ်ရှင်ဇာတ်ကားကတော့ ဆင်ဆာထောက်ညွှန်ခြင်းတွေ မခံခဲ့ ရဘူးလို့ မသူသူရှိန်က ထပ်မံရှင်းပြ ပါတယ်။

၈ကြိမ်မြောက် ဝဿန်ရုပ် ရှင်ပွဲတော်မှာတော့ ထူးခြားတဲ့ ရုပ် ရှင်ဇာတ်ကားအတော်များများပါဝင်လာခဲ့တာကို ရုပ်ရှင်ချစ်ပရိသတ်တွေ ခံစားရမှာဖြစ်ပြီးဒီနှစ်မှာတော့ ရုပ်ရှင်တစ်ပွဲအတွက် ငွေကျပ် ၅ဝဝ နဲ့ လက်မှတ်တွေကိုရောင်းချသွားမှာ ဖြစ်ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here