မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံ ပူးပေါင်းရိုက်ကူးမယ့် ရုပ်ရှင် ဇာတ်ကားကြီး စာနယ်ဇင်းမိတ်ဆက်ပွဲကျင်းပ

0
271

မြန်မာနဲ့ ထိုင်းနှစ်နိုင်ငံ ပူးပေါင်းရိုက်ကူးမယ့် Lady Boy ရုပ်ရှင်ဇာတ် ကား စာနယ်ဇင်းရှင်းလင်းပွဲကို သြဂုတ်လ ၂၉ ရက်နေ့က M3 Food Center Boy မှာ ကျင်းပခဲ့ပါတယ်။

နှစ်နိုင်ငံ ချစ်ကြည်ရေးအနေနဲ့ ရိုက်ကူးမယ့် Lady Boy ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ကိုပေါက်ရိုက်ကူးထားပြီး သရုပ်ဆောင် များအနေဖြင့် ပြေတီဦး၊ ကျော်ကျော်ဗို၊ အိချောပိုနှင့် အခြားသရုပ်ဆောင်များစွာ ပါဝင် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Lady Boy ရုပ်ရှင်ဇာတ်ကားရိုက်ကူး ဖြစ်ပုံနဲ့ပတ်သက်ပြီး ဒါရိုက်တာကို ပေါက်က….

“ဒီဇာတ်ကားက Bo Bo Entertainment နဲ့ ကျွန်တော်နဲ့ ပထမဦးဆုံး လက်တွဲဖြစ်တဲ့ဇာတ်ကားလေး ပါ။ နဂိုကတည်းက ဘိုဆန်းက ကျွန်တော်နဲ့ ဇာတ်ကားရိုက်ဖို့အတွက် စကား ပြောဖြစ်နေတာတော့ကြာပြီ။ အကြောင်းတရားမတိုက်ဆိုင်တာနဲ့ မလုပ်ဖြစ်ကြ ဘူး။ ဒီဇာတ်ကားလေး ရိုက်ကူးမယ်ဆိုတော့ သူတို့ဆီမှာ ဇာတ်က ဝယ်ထား ပြီးသားရှိတယ်တဲ့။ ကျွန်တော်ဒီဇာတ်ကားလေးကို ရိုက်ချင်တယ်ဆိုတော့ ကျွန်တော်လည်း ဇာတ်ဖတ်ကြည့်လိုက်တော့ ဇာတ်လမ်းလေးက ကျွန်တော်တို့ ဘန်ကောက်၊ ပတ္တရားဘက်တွေမှာ ရိုက်ကူးရမယ့် ဇာတ်လမ်းမျိုးဆိုတော့ တော် တော်လေး စိန်ခေါ်မှုဖြစ်ပါတယ်။ အကောင်းဆုံးလည်း ကြိုးစားပြီး ရိုက်ကူး သွားမှာပါ”လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here