‘Special 9’ ရုပ်ရှင်ဇာတ်ကားထဲမှာ လူဆိုးခေါင်းဆောင်ဂိုဏ်းစတားကြီး ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားတဲ့ ရော့ခ်ကာကြီး ထူးအယ်လင်း က ပွင့်ပွင့်လင်း လင်းပြောရမယ်ဆိုရင် ရှက်တယ်လို့ ရယ်ရယ်မောမော ပြောပြပါ တယ်။ အဆိုတော် ယုန်လေးရဲ့ တိုက်တွန်းမှု၊ အနုပညာညီအစ်ကိုချင်း ချစ်ခင်မှု၊ အနုပညာနဲ့ ပတ်သက်ရင် ရူးသွပ်မှုတွေကြောင့် ‘Special 9’ မှာ သူပါဝင်သရုပ် ဆောင်ဖြစ်တာဖြစ်ကြောင်း ထူးအယ်လင်းက ပြောပါတယ်။
”အခက်အခဲကတော့ ကြီးကြီးမားမားမရှိပါဘူး။ ကျွန်တော်တို့က နဂို ကတည်းက ဝမ်းတွင်းရူးပေါ့နော်။ ပြောချင်တာကတော့ ကျွန်တော့် ခေါင်းထဲမှာ ဘာမှမရှိဘူးဗျ။ ဘာမှလည်း မထားဘူး။ လေးတယ်လေ။ ပြောချင်တာက ဒီလိုပါ။ ကျွန်တော်တို့က အသံနဲ့ သရုပ်ဆောင်တယ်။ ဥပမာ- ကိုယ်က အသည်းကွဲပေမယ့် လည်း အပြင်မှာ ကွဲချင်မှကွဲတာလေ။ ဆိုတဲ့အချိန်မှာတော့ အသည်းကွဲတာပေါ့ သီချင်းက။ အဲဒီအခါကျရင် အသည်းကွဲတဲ့ မု(ဒ်)ကို ပါအောင်လို့ ကိုယ်က အသံနဲ့ သရုပ်ဆောင်ရတယ်။ ရုပ်ရှင်ကျတော့လည်း သူတို့ကအရုပ်ပါ ပါတာပေါ့လေ။ အဲဒီ အရုပ်ရဲ့ခံစားမှုအတိုင်း ရိုက်ကူးရတာပေါ့။ သိပ်တော့လည်း ခက်ခက်ခဲခဲ မရှိပါဘူး။ ဒါပေမဲ့ နည်းနည်းလေးတော့ အခက်အခဲရှိ တယ်။ ဥပမာ- ကျွန်တော်နဲ့ မြင့်မြတ်နဲ့ အတူတွဲပြီး ရိုက်ကူးကြတယ်။ မြင့်မြတ်ဆိုတာကလည်း တကယ့်ကို ဝါရင့်၊ သမ္ဘာရင့် သရုပ်ဆောင်ကောင်းတစ်ယောက်ပါပဲ။ အဲဒါကြောင့်မို့လို့ ယုန်လေးလို့၊ နင်တို့လိုအိုက်တင်တွေမရဘူးနော်လို့။ အစ်ကိုကလည်း ဂွတ်တယ်။ ချပါ’ ဆိုတာနဲ့ သရုပ်ဆောင်ဖြစ်တာ” လို့ သူ့ရဲ့ ရုပ်ရှင်အတွေ့အကြုံကိုပြောပြပါတယ်။
စက်တင်ဘာ ၇ရက်နေ့ ရုံတင်ပြသမယ့် ‘Special 9’ ရုပ်ရှင်ဇာတ်ကားအတွက် ထူးအယ်လင်းက –
”ကျွန်တော်တို့ကတော့ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အချိုးတော့ မပြေပါဘူး။ ပြောချင်တာက ကိုယ်လုပ်တဲ့အလုပ်က မှန်ကန်ဖို့တော့ အရေးကြီးပါတယ်။ ယောက်ျားက ယောက်ျားအလုပ်လုပ်တာပဲ ကောင်းပါတယ်။ ပြောချင်တာက ဒီလိုကာရိုက်တာတွေ၊ ဒီလိုမု(ဒ်)တွေဆိုတာ သိပ်တော့မထူးဆန်းပါဘူး။ ကိုယ်လုပ်တဲ့အလုပ်ကိုပဲ ပီပီပြင်ပြင်နဲ့ ကောင်းရာမွန်ရာအလုပ်ကိုပဲ ကျွန်တော် တို့ လုပ်ချင်ပါတယ်။ အဲဒီတော့ ပြတ်ပြတ်သားသားလုပ်တယ်။ ပေါ့ပေါ့ပါးပါးနေတယ်။ ပေါ့ပြက်ပြက်မလုပ်ဘူး။ ကျွန်တော် ဘယ်အလုပ်ကိုမဆို လေးလေးနက်နက်ပဲလုပ်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။
မျိုးမောင်၊
ဓာတ်ပုံ-မင်းမင်းထွန်း