ရေကူးတတ်ပေမယ့် ရေနစ်ခဲ့တဲ့ဝတ်မှုံရွှေရည်ရဲ့ ဘန်ကောက် အတွေ့အကြုံ

0
204

မွေးနေ့ပြီးကတည်းက အနုပညာနဲ့ပတ်သက်လို့ ဇာတ်ကားရိုက်ကူးမှု တွေတောက်လျှောက်နဲ့ ဖြတ်သန်းဖြစ်နေတဲ့ အကယ်ဒမီ ဝတ်မှုံရွှေရည်က ဘန်ကောက်မှာလည်း ဇာတ်ကားရိုက်ကူးမှု သွားရောက် ပြုလုပ်ခဲ့ပါသေးတယ်။ သြဂုတ် ၃ဝ ရက်နေ့ကမှ မြန်မာနိုင်ငံကို ပြန် လာခဲ့တဲ့ ဝတ်မှုံရွှေရည်က …

“ကစ် ဘန်ကောက်မှာ ထိုင်း ဒါရိုက်တာ ရိုက်တဲ့ရုပ်ရှင်ကို လက်စ သတ်ပြီးတော့ ပြန်လာတယ်ပေါ့နော်။ သူတို့ဆီမှာတော့ တစ်ကားလုံးစာ အသံပြန်သွင်းရတယ်။ ပြီးတော့ Under Water Shot တွေပေါ့။ ရေ အောက်ထဲမှာ ရိုက်တဲ့ဆင်း(န်)တွေ သွားရိုက်ရတာပေါ့။ ၃ ရက်လောက် ပါပဲ။ အတွေ့အကြုံသစ်တစ်ခုရတာပေါ့။ ကံကောင်းလို့ Shooting မှာ ရေကူးတာ နစ်တော့မလို့။ ရေကူးတတ်ပေမယ့်လည်း ကူးရတဲ့ရေက တော်တော်နက်တာ။ ကယ်ပေးတဲ့ သူတွေအားလုံးကိုလည်း အထူးကျေးဇူးတင်တယ်။ အမှတ်တရ တစ်ခုလည်း ဖြစ်ခဲ့တယ်”လို့ သူက ပြောပါတယ်။လတ်တလောမှာတော့ ဝတ်မှုံ ရွှေရည်က… “ပြီးရင် ဒီရက်ပိုင်းက တော့ ပွဲတက်နဲ့ ကြော်ငြာတွေ ရိုက် စရာရှိတယ်။ ၁ဝ ရက်နေ့ ဝန်းကျင်လောက်မှာတော့ နယ်မှာ ရုပ်ရှင်တစ်ကား ထပ်ရိုက်ဖို့ရှိပါတယ်” လို့ သူ့ရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ပြောပါတယ်။ ပရိသတ်တွေကိုတော့ ဝတ်မှုံရွှေရည်က …

“ပရိသတ်တွေကို ပြောချင်တာက ကစ်က အခုအနုပညာအလုပ်တွေ ကိုပဲဆက်တိုက်လုပ်ဖို့ ရှိပါတယ်။ နောက်ထပ်ရုံတင်လာမယ့် ကစ်ရဲ့ ဇာတ်ကားတွေကိုလည်း စောင့်မျှော် အားပေးပေးပါ။ အားပေးနေတဲ့သူ တွေ အားလုံးကို တအားလည်း ကျေးဇူးတင်ပါတယ်။ တအားလည်း ချစ် ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်

၊ ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here