ထိုင်းနိုင်ငံမှာ ရန်ပုံငွေဖျော်ဖြေပွဲများသွားရောက်ပြုလုပ်ကြမယ့်သဘင်လူမှု ကူညီစောင့်ရှောက်ရေး ကော်မတီ (ဗဟို)

0
90

သဘင်လူမှုကူညီစောင့်ရှောက် ရေး(ဗဟို)အတွက် ရန်ပုံငွေရှာဖွေရေး ဖျော်ဖြေပွဲတွေကို ထိုင်းနိုင်ငံမှာ သွားရောက် ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရ ပါတယ်။ ဒီဖျော်ဖြေပွဲကတော့ သဘင်အစည်းအရုံး(ဗဟို)အနေနဲ့ ဦးဆောင်ပြု လုပ်သွားမှာဖြစ်ပြီး တရုတ်နိုင်ငံဖျော်ဖြေပွဲအပြီးမှာ ထိုင်းနိုင်ငံဘက်ကို သွား ရောက်ဖျော်ဖြေရန်ပုံငွေရှာကြဖို့ စီစဉ်ထားပါတယ်။

“အဲဒီဘက်မှာရောက်နေတဲ့ မြန်မာတွေက ဇာတ်သဘင်ကိုမကြည့်ရဘူး လေ။ တူတူတန်တန်လည်း ဖြစ်ရမယ်။ ကြည့်လို့လည်း ကောင်းရမယ်။ မြန်မာ့ အနှစ်သာရတွေလည်း ပါရမယ်။ အဲဒီလိုအားလုံးပေါင်းစု ပြီးတော့ သွားရောက် ဖျော်ဖြေကြမယ်လို့ ရည်ရွယ်ထားတယ်” လို့ ထိုင်းနိုင်ငံဘက်မှာ ရန်ပုံငွေသွား ရောက်ဖျော် ဖြေမှာနဲ့ပတ်သက်လို့ သဘင်လူမှုကူ ညီစောင့်ရှောက်ရေး(ဗဟို)ကော်မတီ ဒုတိယဥက္ကဋ္ဌဦးဟန်ဇာမိုးဝင်းက ပြောပြပါတယ်။

သဘင်လူမှုကူညီစောင့် ရှောက်ရေး ကော်မတီ (ဗဟို)အနေနဲ့ ရေဘေးသင့်ပြည်သူတွေအတွက်ကိုလည်း လှူဒါန်းနိုင်ဖို့အတွက် အလှူခံမှုများပြုလုပ်ခဲ့ကြပြီး ပြည်သူများထံ သွားရောက် လှူဒါန်းခဲ့ကြပါတယ်။ ကော်မတီရဲ့ ရည်ရွယ်ချက်ကတော့ သဘင်လောကသား တွေရဲ့ အခက်အခဲတွေကို ကူညီထောက်ပံ့နိုင်ဖို့နဲ့ ပြည်သူတွေရဲ့ အခက်အခဲ တွေကို ကူညီထောက်ပံ့နိုင်ဖို့ပဲ ဖြစ်တယ်လို့သိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here