နေရယ်လရယ် အမှန်တရားရယ် ဇာတ်လမ်းတွဲက ဥပဒေနဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာအကြောင်းတွေ အများကြီးပါတယ် ဆုပန်ထွာ

0
205

ဒါရိုက်တာအောင်ကိုလတ် ရိုက်ကူးတဲ့ နေရယ် လရယ် အမှန်တရားရယ် ဇာတ်လမ်းတွဲ(၂)ကို MRTV ကနေ စက်တင်ဘာ ၅ ရက်နေ့မှာ စတင်ပြသသွားတော့မှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ ဆုပန်ထွာက ငွေကြေး မတတ်နိုင်တဲ့ အမှုသည်တွေကိုငွေကြေးအခမဲ့နဲ့ အမှုလိုက်ပေးတဲ့ ရှေ့နေမလေး မေနှင်းဆီအနေနဲ့ ပါဝင်သရုပ် ဆောင်ထားပါတယ်။

“မေနှင်းဆီလို ရှေ့နေမျိုးတွေ အများကြီးလိုအပ်တယ်။ အခမဲ့ရှေ့နေလိုက်ပေးတဲ့ My Justice Center က တကယ်ရှိတယ်။ အဲဒီနေရာတွေကိုသွားပါ။ လိုအပ်တဲ့အကူအညီကို တောင်းပါ။ အားလုံးက အကောင်းဆုံးဖြစ် အောင် ဝိုင်းဝန်းပြီးတော့ ကြိုးစားပေးကြပါ။ ဒါပေမဲ့ အမှန်တရားလေးတစ်ခုတော့ ရှိဖို့လိုတာပေါ့”လို့ ဆုပန်ထွာက ပြောပြပါတယ်။

တရားဥပဒေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ပြည်သူတွေကို ပြောပြနိုင်ဖို့အတွက် ဒီဇာတ်ကားလေးကို အားလုံးဝိုင်းဝန်းပူးပေါင်းပြီးတော့ ရိုက်ကူးခဲ့တာဖြစ်တယ်လို့ ဆုပန်ထွာကပြောပြပါတယ်။ “ဒီဇာတ်ကားလေးက ဥပဒေနဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာအကြောင်းတွေ အများကြီးပါတယ်။ မြန်မာနိုင်ငံက ပြည်သူလူထုတွေအတွက် အများကြီး အထောက်အကူဖြစ်လိမ့်မယ်လို့ မြင်ပါတယ်။ ဒီဇာတ်ကားလေးကိုကြည့်လိုက်ရင် ဥပဒေနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ရမယ်၊ ဘယ်ကိုသွားရမယ်၊ ဘယ်လို အမှုဖွင့်ရမယ်ကအစ အကုန်လုံးသိသွားလိမ့်မယ်” လို့ ဆုပန်ထွာက ပြောပြခဲ့ပါတယ်။

လင်းအက္ခရာ ၊

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here